Chapter [8]

1.1K 300 111
                                    

Zawgyi

ဝရံတာ၌ပြန်လည်ပေါင်းစည်းခြင်း

ချီယန် အိပ်ဆောင်ထဲ ပြေးဝင်လာတာကိုမြင်တော့ ဆုန်းဖေးရဲ့နှလုံးသားထဲမှာ တည်ရှိနေတဲ့ အကြောက်တရား တချို့တဝက်ဟာ လွင့်ပါးပျောက်ကွယ်ကုန်တယ်။ ဒါပေမယ့် အိပ်ဆောင်ထဲမှာလည်း အရင်ရက်ကတည်းက ဖုတ်ကောင်တွေ ရှိနေသေးတယ်။ ချီယန် သူ့အခန်းထဲကို လုံလုံခြုံခြုံ ပြန်ရောက်နိုင်ပါ့မလားဆိုတာ မသေချာသေးတာကြောင့် သူ့နှလုံးသားထဲမှာ အကြောက်တရား တချို့တဝက်တော့ ရှိနေသေးတုန်းပဲ။

အသက်လုပြေးနေကြတဲ့ ကျောင်းသားတွေအားလုံးဟာ အိပ်ဆောင်ထဲကို ဒရောသောပါး ပြေးဝင်လာကြပြီး သူတို့နောက်ကနေ လိုက်လာတဲ့ ဖုတ်ကောင်တပ်ကြီးကလည်း အောက်ထပ်ထိ ပြေးလိုက်လာကြတယ်။ ကျွဲအုပ်နွားအုပ်တွေလို ကမူးရှူးထိုးပြေးလာကြတဲ့ ကျောင်းသားတွေနဲ့ မတူစွာဘဲ ဒီဖုတ်ကောင်တွေက အုပ်စုလိုက်ကြီး လိုက်လာကြတာ မဟုတ်ဘူး။ ဖုတ်ကောင်တွေက မနှေးလွန်း မမြန်လွန်းတဲ့ အရှိန်နဲ့ မလှမ်းမကမ်း အကွာအဝေးကနေ ပြေးလိုက်လာကြတယ်။ ပမာဏများပေမယ့် အရှိန်အဟုန် သိပ်မရှိကြဘူး။

ပထမဆုံးအကြိမ်အနေနဲ့ ဆုန်းဖေးဟာ ထိုဖုတ်ကောင်တွေကို ဘေးလူအနေနဲ့ ရပ်ကြည့်ခဲ့ရတယ်။ သူက အသက်လုပြီး ပြေးစရာလည်း မလိုသလို ကမူးရှူးထိုးလည်း ဖြစ်စရာမလိုတဲ့အပြင် အပေါ်စီးကနေ သူတို့ကို ရပ်ကြည့်နေရတာဟာ ဘုရားသခင် ကောင်းချီးပေးတာပဲ။

သူတို့ဟာ တစ်ချိန်က သူ့အတန်းဖော်တွေ ဖြစ်ခဲ့ကြတဲ့အပြင် အပျင်းကြီးတတ်ကြတဲ့ ကောင်လေးတွေနဲ့ ချစ်စရာကောင်းပြီး တော်ကြတဲ့ ကောင်မလေးတွေပဲ။ ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားကြတဲ့ တချို့ဟာ ဖုတ်ကောင်တွေ တိုက်ခိုက်တာ ခံရတုန်းက များများစားစား မထိခိုက်ခဲ့ကြတဲ့အပြင် ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက်မှာလည်း ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ကြတာကြောင့် သူတို့ဟာ ခေါင်းစခြေဆုံး သွေးတစ်စက်တောင် ရှိမနေဘဲ သန့်ပြန့်နေခဲ့ကြတယ်။ သူတို့ရဲ့ ထူးဆန်းနေတဲ့ လှုပ်ရှားမှုတွေနဲ့ ပုံမှန်မဟုတ်တဲ့ အမူအရာတွေကိုသာ လျစ်လျူရှုထားလိုက်ရင် သူတို့နဲ့ ကျောင်းဝင်းထဲမှာ တွေ့ခဲ့ရင်တောင် ဘာမှမဟုတ်သလို ကျော်သွားလိုက်မိမှာပဲ။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now