Chapter [17]

895 208 22
                                    

Zawgyi

ကြမ်းပြင်ပေါ် လဲကျသွားခဲ့တဲ့ ဇွန်ဘီက ပြန်ထလာတော့မှာကိုမြင်တော့ စုန့်ဖေးဟာ အချိန်မဆွဲရဲတော့ဘဲ တံခါးလက်ကိုင်ကို အမြန်လှည့်ကာ ဖွင့်လိုက်တယ်။ ချောင်စစ်ချီနဲ့ ကျိုးယီလုကလည်း တံခါးကို အလွယ်တကူ ဆွဲဖွင့်နိုင်လိုက်တယ်။ မိန်းကလေးကတော့ တံခါးအပြည့် ပွင့်သည်အထိ မစောင့်နိုင်ဘဲ တစ်ကိုယ်စာဝင်ပေါက် ပွင့်သည်နှင့် အလျင်အမြန် လျှောခနဲ ဝင်ချသွားကာ သူမလက်ထဲက ဓာတ်ဘူးအလွတ်မှာ မှန်တံခါးဖြင့် ဒုန်းခနဲ ဝင်တိုက်သွားခဲ့လေတယ်။

တံခါးစောင့်၂ယောက်မှာ တံခါးကို အချိန်မီ အမြန်ပြန်ပိတ်နိုင်လိုက်ပြီး စုန့်ဖေးဟာလည်း အချိန်မဆွဲဘဲ တံခါးလော့ခ်ကို အလင်းအလျင်နဲ့ ခတ်ပစ်လိုက်တယ်။

လော့ခ်ကျသွားတာနဲ့တပြိုင်နက် အပြေးထလာတဲ့ ဇွန်ဘီဟာ ဆတ်ခနဲ အနားရောက်လာပြီး ပိတ်ထားတဲ့ မှန်တံခါးကို ဝုန်းကနဲ ဝင်တိုက်သွားတော့တယ်!

မှန်တံခါး၂ချပ်ကြားမှာ လက်တစ်ဆုပ်စာလောက် ဟသွားပြီး တံခါးလက်ကိုင်မှာ ချည်ထားတဲ့ ချိန်းကြိုးတွေဟာ တင်းခနဲ ဖြစ်သွားခဲ့တယ်!

စုန့်ဖေးဟာ အလျင်စလိုပဲ သူ့ခန္ဓာကိုယ်နဲ့ တံခါးကို ပြန်တွန်းကန်ထားလိုက်ပြီး စက်ဘီးလော့ခ်ဟာ ဒဏ်မခံနိုင်ဘဲ ပြုတ်ထွက်သွားမှာစိုးတာကြောင့် တခြားသူတွေဆီ လှမ်းအော်ပြောလိုက်တယ် : "ချိန်းလော့ခ်တစ်ခု ထပ်သွားရှာလာခဲ့ကြ တံမြက်စည်းဖြစ်ဖြစ် ကြမ်းတိုက်တံဖြစ်ဖြစ်ရတယ် မြန်မြန်လေး_"

အမိန့်ကို လက်ခံရရှိပြီးတာနဲ့ ၃ယောက်သားဟာ အပြေးအလွှား လှုပ်ရှားလိုက်ကြပြီး ပင်လယ်ပြင်ကျယ်ကြီးထဲ လွှတ်ပေးခံလိုက်ရတဲ့ ငါးကလေး၃ကောင်ပမာ ဒေါင်လိုက် အလျားလိုက် စီတန်းထားတဲ့ အရောင်းပစ္စည်းတန်းတွေကြားထဲ ဝင်ရောက်ပျောက်ကွယ်သွားကြတော့တယ်။

ခဏလေး

၃ယောက်တည်းလား?

စုန့်ဖေးဟာ ကျောပြင်ကို တံခါးမှာကပ်ကာ အပြင်ဖက်က အတင်းတိုးနေတဲ့ ဇွန်ဘီကို ခုခံကာကွယ်နေရင်း သူ့ခေါင်းထဲမှာ စတင်လက်ချိုးရေတွက်လိုက်တယ်။ ချောင်စစ်ချီ၊ ကျိုးယီလု၊ အသစ်ရောက်လာတဲ့ အလှလေး... ဝှက်သယ်ဖာ့ခ် လော်ကန်း ဘယ်ရောက်သွားတာလဲ?

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now