Chapter [14]

928 235 38
                                    

Zawgyi

ဇွန်ဘီလှိုင်းလုံး

ကျိုးယီလုဟာ စားပွဲခုံကို မှောက်ပစ်ချင်သွားခဲ့တယ်။

စုန့်ဖေးကို အသိစိတ်ဝင်လာအောင် ဘယ်လိုလုပ်ရပါ့မလဲ။ သူတို့က အမိမြေရဲ့ နွယ်ပင်တွေဆိုပေမယ့်လည်း နွယ်ပင်တွေလည်း ရေသောက်ဖို့ လိုအပ်သေးတာပဲ။ အရှေ့မှာ အသားကို တစစီ ကိုက်ဖြတ်စားမယ့်သူတွေ စောင့်နေကြပြီး အနောက်မှာတော့ မြူခိုးထုကြီးရှိနေတယ်။ ပလတ်စတစ်ပန်းတွေတောင်မှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။

ချီယန်က ပြတင်းပေါက်ကတဆင့် အပြင်ဖက်ကို အကြာကြီး တိတ်တဆိတ် ကြည့်နေရင်း ရုတ်တရက် ထပြောလာတယ် : "တကယ်တော့ ဒီလိုဖြစ်နေတာလည်း ကောင်းတာပဲ မြူတွေထူနေတယ်ဆိုတော့ လူတွေရဲ့ လုပ်ဆောင်ချက်တွေ ရှိနေသေးတယ်ဆိုတဲ့ သဘောပဲ  စက်မှုလုပ်ငန်းတွေရဲ့ အစိတ်အပိုင်းတွေက ပုံမှန်လုပ်ငန်းတွေကို ဆက်လည်ပတ်နေတာ ဖြစ်လောက်မယ် ဒါဆိုရင် ငါတို့ထင်ထားသလိုပဲ ရေနဲ့လျှပ်စစ် မပြတ်တောက်အောင် မြို့တွင်းက သက်ဆိုင်ရာ အဆောက်အအုံတွေကို အကာအကွယ်ပေးနေတဲ့ တပ်ဖွဲ့တွေ ရှိနေလိမ့်မယ်"

ကျန်၃ယောက်ကတော့ ချီယန့်စကားတွေဟာ ပုံပြင်ဆန်တယ်လို့ ခံစားလိုက်ရပေမယ့် သေချာဆင်ခြင်သုံးသပ်ကြည့်ရင် ဖြစ်နိုင်ချေရှိတယ်။

တနေ့နေ့မှာ သူတို့ဟာ ဒီလိုမြူခိုးထူထပ်တာကတဆင့် အားအင်တွေ မွေးယူနေရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားမိခဲ့ဘူး။ ဒီလိုခံစားချက်ကြီးက သူတို့အတွက် အတော့်ကို ထူးဆန်းရှုပ်ထွေးနေတယ်။

"ဒါဆို အဲဒီ့တပ်ဖွဲ့တွေက ငါတို့ကို ဘယ်အချိန်မှ လာကယ်မှာလဲ?"
အခုချိန်မှာတော့ ချောင်စစ်ချီဟာ သူ့ကိုယ်သူ စွမ်းအားရှိတဲ့ အပင်တစ်ပင် ဖြစ်ချင်မိသွားတယ်။ သူ့ကိုဂရုတစိုက် စောင့်ရှောက်ပြီး ပြုစုပေးလိုက်ရင် သူက သေချာပေါက် လျှပ်စစ်စွမ်းအင်တွေ ထုတ်ပေးနိုင်လိမ့်မယ်။

စုန့်ဖေးကတော့ ခေါင်းမော့ကာ အပြင်ဖက်ကို လှမ်းကြည့်လိုက်ပြီး အရှေ့မှာ မီးခိုးရောင် မြူတွေနဲ့ ဖုံးအုပ်ထားတဲ့ ရွှေရောင်အနာဂတ်ကြီး တည်ရှိနေသည့်အလား : "သူတို့သေချာပေါက် လာလိမ့်မယ် ငါတို့က အဲဒီ့အချိန်ထိ တောင့်ခံထားရုံပဲ"

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Tahanan ng mga kuwento. Tumuklas ngayon