Zawgyi
ထိုဟင်းပွဲရဲ့ အရသာဟာ စံပြကျောင်းသားကို ဆဲဆိုစေပြီး အကြွင်းအကျန်တွေကို အမှိုက်ပုံးထဲ ပစ်ထည့်သည်အထိ ဖြစ်စေခဲ့တယ်။ ထို့နောက် ချီယန်ဟာ ခပ်တည်တည်နဲ့ ဆုန်းဖေးရဲ့ မာဖိုတို့ဖူး ၃ပုံ၁ပုံကို အပြောင်ယူစားလိုက်တယ်။ ကန်တင်းမှာ ဟင်းထည့်ပေးတဲ့ အန်တီကြီးတွေ ရှိနေတာတောင်မှ သူ့ဆီက ဒီလိုလာယူစားနေတာကို ဆုန်းဖေးလက်မခံနိုင်ဘူး။ သူတို့နှစ်ယောက်ကြားမှာ တစ်ပန်းကန်ထဲ အတူတူစားစရာအကြောင်းရော ရှိလို့လား။ အဆုံးမှာ ဆုန်းဖေးက ထပ်ပြီးသည်းမခံနိုင်တော့တာကြောင့် ထလိုက်ပြီး နောက်ထပ်ကြက်ကုန်းဘောင်ကြော်*တစ်ပွဲ သွားယူလိုက်တယ်။ ကျောင်းသားချီယန်ကတော့ အားနာပါးနာဟန်တောင်မပြဘဲ သူ့တူကိုမြှောက်ကာ ကြက်သားတစ်ဖတ် လှမ်းနှိုက်လာပြန်တယ်။
{ gōng băo jī dīng - စီချွမ်ပြည်နယ်ရဲ့ ဟင်းပွဲတစ်မျိုးပါပဲ ကြက်သားကို အတုံးသေးသေးလေးတွေလှီးပြီး မြေပဲ၊ ဟင်းသီးဟင်းရွက်၊ ငရုတ်ကောင်းစေ့တွေနဲ့ စပ်စပ်လေး ကြော်ထားတာပါ }
ဆုန်းဖေးက ဒေါသထွက်သွားပြီး : "မင်းဘယ်တစ်ခုကို အတည်တကျ စားမှာလဲ?"
မျက်နှာပေါ်မှာ ထမင်းစေ့ ကပ်နေတဲ့ ချီယန်က ရိုးသားပြီး ဖြူစင်တဲ့ အမူအရာလေးနဲ့ မေးလာခဲ့တယ် : "အကုန်လုံးကို ငါတို့နှစ်ယောက် အတူတူစားလို့ မရဘူးလား..."
ဆုန်းဖေးရဲ့ မျက်နှာအမူအရာဟာ ပြုံးရမလို မဲ့ရမလိုဖြစ်သွားပြီး "ငါတို့အတူတူစားလို့ မရစရာအကြောင်း မရှိပါဘူး..." လို့သာ ပြန်ဖြေနိုင်တော့တယ်။
ချီယန်က အားပါးတရ ပြုံးပြလာတယ်။ ပါးစပ်ထောင့်မှာ ထမင်းစေ့ကပ်နေတာတောင်မှ သူ့မျက်နှာချောချောက ကြည့်ကောင်းနေတုန်းပဲ။
တကယ်တော့ ချီယန်နဲ့သူ ပြဿနာမတက်ခင်တုန်းကလည်း ချီယန်က တော်တော်လေး သဘောကောင်းတယ်။ အခုလိုပဲ နူးညံ့သိမ်မွေ့ကာ ချစ်ခင်စရာကောင်းတဲ့ ရုပ်ရည်သွင်ပြင်ရဲ့ နောက်ကွယ်မှာ ခန့်ညားချောမောမှုတွေ ဖုံးကွယ်နေလေတယ်။ တစ်ချိန်တုန်းက ထိပ်ဆုံးကိုရောက်ဖို့ သူစိတ်ကူးယဉ်ခဲ့ဖူးသလိုပဲ..... တော်ပြီ မေ့လိုက်တော့ အတိတ်အကြောင်း ထပ်ပြီးတူးဆွမနေသင့်တော့ဘူး ဘဝဆိုတာ အမြဲတမ်း မုန်တိုင်းတွေနဲ့ပဲ ပြည့်နှက်နေတာ။
YOU ARE READING
ဇွန်ဘီတက္ကသိုလ်(ဇွန်ဘီတက္ကသိုလ်)
FanfictionBoth Zawgyi and Unicode. ဇွန်ဘီခေတ်ပျက်ကြီး၏ ယုတ္တိဆန်သော ဇာတ်လမ်းတစ်ပုဒ်။ ဇာတ်ကောင်များဟာ တက္ကသိုလ်ကျောင်းသားများသာ ဖြစ်ကြပြီး ထူးခြားစွမ်းရည်များ မရှိကြသလို သူမတူအောင် သာလွန်ထက်မြက်သော ဦးနှောက်ဉာဏ်ရည်များလည်း မပိုင်ဆိုင်ကြပေ။ ဇွန်ဘီခေတ်ပျက်ကြီး၏ ယု...