Chapter [5.2]

1.1K 282 76
                                    

Zawgyi

သူခုံမှာဝင်ထိုင်ပြီးတာနဲ့ ဆရာက မေးခွန်းစာရွက်တွေ အဖြေလွှာတွေ လိုက်ဝေတော့တယ်။ မကြာခင်မှာပဲ စာရွက်ပေါ် ခဲခြစ်သံတွေ အပြိုင်အဆိုင် ထွက်ပေါ်လာခဲ့တယ်။

စာရွက်တစ်ရွက်လုံးမှာ စာလုံးတွေအပြည့်ပဲ။ ဆုန်းဖေးက စာလုံးတွေအားလုံးကို မှတ်မိပေမယ့် စကားစုအဖြစ် ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သူသိတာဆိုလို့ 'is' 'are' 'yes' 'no' 'abcd'ပဲကျန်တော့တယ်။ ဆုန်းဖေးက ခေါင်းကုတ်လိုက်ပြီး အက်ဆေးတစ်ပုဒ် ချရေးလိုက်တယ်။ Listening testစစ်တဲ့အခါမှာတော့ ဆုန်းဖေးတစ်ယောက် လုံးလုံးလျားလျား စိတ်ထိခိုက်သွားရပြီး စိတ်အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်ကာ ကျန်တဲ့မေးခွန်းတွေကို ၂မိနစ်အတွင်း ဖြေပြီးသွားတော့တယ်။ ပြီးနောက် ဘာဆက်လုပ်ရမယ်မှန်း မသိတော့တာကြောင့် အောက်ငုံ့ကာ မေးခွန်းစာရွက်ကို ပေါက်ထွက်မတတ် စိုက်ကြည့်နေဟန်ဆောင်လိုက်တယ်။ သူ့ပုံစံက ကျင့်ကြံခြင်းလောကမှာ အထွပ်အထိပ်ရောက်နေတဲ့ မသေမျိုးကျင့်ကြံသူတစ်ယောက်ရဲ့ အဖော်မဲ့ အထီးကျန်ဆန်နေမှုမျိုး ခံစားနေရလေတယ်။

CET-4နဲ့ CET-6စာမေးပွဲတွေမှာ အရက်စက်ဆုံးအရာက ကျောင်းသားတွေကို အဖြေလွှာ စောစောအပ်ခွင့် မပေးတာပဲ။ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ဖြေထားတဲ့ ဆုန်းဖေးလို ကျောင်းသားတွေအတွက်ကတော့ သေစေနိုင်လောက်တယ်။ အဆုံးမရှိ စောင့်ဆိုင်းပြီးနောက်မှာတော့ သူတို့လုပ်နိုင်တာက စားပွဲပေါ် မှောက်အိပ်ရင်အိပ်၊ ကျောက်သင်ပုန်းကြီးကို စိုက်ကြည့်ရင်ကြည့်၊ မျက်နှာကြက်ကို မော့ကြည့်ချင်ကြည့်၊ ဒါမှမဟုတ် ပြတင်းပေါက် အပြင်ဖက်ကို ငေးနေဖို့ပဲ တတ်နိုင်တော့တယ်။

ဟမ်?

ဆုန်းဖေးက သူ့မျက်စိများ ကြောင်နေတာလားဆိုပြီး မျက်တောင်တဖျပ်ဖျပ် ခတ်ကြည့်လိုက်တယ်။ ပြတင်းပေါက်ဘေးကနေ အတန်းဖော်တစ်ယောက် ဖြတ်သွားတာကို သူတကယ်ကြီး မြင်လိုက်တယ်။ စည်းကမ်းအရဆို စာမေးပွဲဖြေဆိုသူ မဟုတ်တဲ့သူတွေက အဆောင်တွေထဲ ဝင်လာခွင့်မရှိသလို စာမေးပွဲဖြေဆိုသူတွေဆိုရင်လည်း အဖြေလွှာကို စောစောအပ်ပြီး စာမေးပွဲခန်းထဲက ထွက်သွားခွင့်မရှိဘူး။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now