Chapter [5.1]

1.1K 274 24
                                    

Zawgyi

ဇွန်ဘီများရုတ်တရက်ပေါ်ပေါက်လာခြင်း

CET-4မဖြေခင်ညမှာ ရုတ်တရက် အဆောင်ခန်းတွေမှာ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားခဲ့တယ်။ ထိုအချိန်မှာ ဆုန်းဖေးဟာ သာသာယာယာပဲ bilibili*မှာ ဗီဒီယိုတွေ ကြည့်နေခဲ့တာ ဖြစ်လေတယ်။ စာကြိုးစားနေကြတဲ့ သူ့ရဲ့အခန်းဖော် ဝမ်ချင်းယွမ်နဲ့ ရန်ကျဲတို့ကို မနှောင့်ယှက်လိုတဲ့အတွက် ဆုန်းဖေးက နားကြပ်တပ်သုံးနေတာကြောင့် အစပိုင်းမှာ သူသတိမထားမိခဲ့ဘူး။ သူကြည့်နေတဲ့ ဗီဒီယိုက ပြီးသွားခဲ့ပြီး ဗီဒီယိုအသစ်တစ်ခုကို နှိပ်လိုက်တဲ့အခါ မရတော့တာကြောင့် တစ်ခုခုဖြစ်သွားတာကို သူသိလိုက်တယ်။ သူ့laptopရဲ့ အောက်ညာဖက်ထောင့်နားကို ကြည့်လိုက်မိတော့လည်း အင်တာနက်ချိတ်ဆက်တဲ့နေရာမှာ '!'လေးပေါ်နေတာကို တွေ့လိုက်ရလေတယ်။

{ Bilibili (nicknamed B Site) - ရှန်ဟိုင်းအခြေစိုက် chinese websiteတစ်ခုပါ video sharing websiteဖြစ်ပြီး အနီးစပ်ဆုံးပြောရရင် Youtubeလိုမျိုးပါပဲ }

ကျောင်းက အင်တာနက်ကွန်ယက်ရဲ့ မတည်ငြိမ်မှုက စိတ်ကြိုက်ဘာသာရပ်နည်းပြတွေ ကျောင်းခေါ်ချိန်ကောက်သလိုပဲ ရှိမှန်းတော့သိပေမယ့် ဘယ်အချိန်လစ်သွားမယ်မှန်း မသိနိုင်ဘူး။
သို့သော် ယခင်အကြိမ်ရေက မြင့်မားပြီး ထိခိုက်ပျက်စီးမှုနှုန်းက လူတစ်ဦးနှင့်တစ်ဦး ကွဲပြားတယ်။ နောက်ဆုံးအကြိမ်ရေကတော့ ပြောရခက်ပြီး ထိခိုက်ပျက်စီးမှုနှုန်းကလည်း တကယ့်ကို အဆိပ်အတောက်ပဲ။

ဆုန်းဖေးက နားကြပ်ကို ဖြုတ်လိုက်တယ်။ ထင်ထားသလိုပဲ ကော်ရစ်ဒါ အပြင်ဖက်ကနေ ထွက်ပေါ်လာတဲ့ အဆဲလှိုင်းလုံးကြီးကို ကြားလိုက်ရလေတယ်။

"အင်တာနက်လိုင်း ထပ်ကျသွားပြန်ပြီလား?"
မှတ်တိုင်၎ခုအကွာမှာ ကောင်မလေးနဲ့ဒိတ်ပြီး ပြန်လာတဲ့ ရှန်ယန်းက တံခါးဖွင့်ကာ အထဲဝင်လာရင်း မေးလိုက်တယ်။

ဆုန်းဖေးက ပုခုံးတွန့်လိုက်ပြီး : "ဒါပေါ့ တခါတလေမှ လိုင်းမကျလိုက်ရရင် ကျောင်းအင်တာနက် ဘယ်ပီသတော့မလဲ"

"ပျော်ပျော်နေစမ်းပါ"
ရှန်ယန်းက သူ့ကုတင်ဆီကိုသွားကာ ကုတ်အင်္ကျီကိုချွတ်ရင်း ပြောလာတယ် : "ငါတို့ကျောင်းအင်တာနက် လိုင်းကျတာက အများဆုံး ၁နာရီ၊ ၂နာရီလောက်ပါပဲ ငါ့ကောင်မလေးပြောတာတော့ သူတို့ကျောင်းရဲ့ အင်တာနက်လိုင်းဆို လွန်ခဲ့တဲ့၂ရက်ကတည်းက အခုထိ ပြန်မရသေးဘူးတဲ့"

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Donde viven las historias. Descúbrelo ahora