.....

887 74 11
                                    

ပထမဦးဆုံးအနေနဲ့ တစ်လလောက် updateကြာသွားမိတဲ့အတွက် တကယ်ကို အားနာရပါတယ်။ အစစအရာရာ ခက်ခဲကျပ်တည်းနေတဲ့ ကာလကြီးမှာ ကျွန်မလည်း စားဝတ်နေရေးအတွက် ဝါသနာကို ခဏရပ်ထားပြီး အလုပ်ဝင်လုပ် ပိုက်ဆံရှာရပါသေးတယ်ရှင်။ ဖြစ်ချင်တော့ အလုပ်က မနက်၎နာရီခွဲဆင်းရပြီး ညဆိုအိမ်ကအလုပ်တွေနဲ့ပါပေါင်း တော်တော်နဲ့ မအိပ်ရအောင် အလုပ်ရှုပ်တာကြောင့် ဘာသာပြန်ဖို့အတွက် အချိန်မပေးနိုင်တာ တော်တော်လေး ကြာသွားခဲ့ပါတယ်။ သို့သော်ငြား တချို့တွေက ကျွန်မကို နားလည်မပေးနိုင်ဘဲ 'လုံးဝupမပေးတော့တာလား'လို့ စိတ်ဆိုးသလို မေးတာတွေ upကြာလို့ နောက်ထပ်ဆက်ပြန်မဲ့သူ အသစ်ရှာနေတာတွေကို မြင်ရတဲ့အခါ တကယ်ပဲ ဝမ်းနည်းမိပါတယ်။ ကျွန်မလည်း အချိန်ရရင် ရသလို ဘာသာပြန်ဖို့ကို ကြိုးစားနေပါတယ်။ အကယ်၍ စာဖတ်သူတွေအတွက် အဆင်မပြေဘူးဆိုရင် နောက်ထပ်ဆက်ဘာသာပြန်ပေးမယ့်သူတွေဆီ ရှာပြီးသွားဖတ်ချင်ကြတယ်ဆိုလည်း သဘောပါပဲ။ ဒီကြားထဲ အကြောင်းမကြားဘဲ ပစ်ထားလိုက်သလို ဖြစ်သွားတာက ကျွန်မအမှားပါ။ ကျွန်မဘာသာပြန်နေတဲ့ novelတွေကို ချစ်လွန်းလို့ အဆုံးထိမပြန်ဘဲ ရပ်ပစ်လိုက်ဖို့ဆိုတာ တစ်ခါမှ တွေးတောင်မတွေးမိဖူးတာတော့ အမှန်ပါပဲရှင်။



ပထမဦးဆံုးအေနနဲ႔ တစ္လေလာက္ updateၾကာသြားမိတဲ့အတြက္ တကယ္ကို အားနာရပါတယ္။ အစစအရာရာ ခက္ခဲက်ပ္တည္းေနတဲ့ ကာလႀကီးမွာ ကြၽန္မလည္း စားဝတ္ေနေရးအတြက္ ဝါသနာကို ခဏရပ္ထားၿပီး အလုပ္ဝင္လုပ္ ပိုက္ဆံရွာရပါေသးတယ္ရွင္။ ျဖစ္ခ်င္ေတာ့ အလုပ္က မနက္၄နာရီခြဲဆင္းရၿပီး ညဆိုအိမ္ကအလုပ္ေတြနဲ႔ပါေပါင္း ေတာ္ေတာ္နဲ႔ မအိပ္ရေအာင္ အလုပ္ရႈပ္တာေၾကာင့္ ဘာသာျပန္ဖို႔အတြက္ အခ်ိန္မေပးႏိုင္တာ ေတာ္ေတာ္ေလး ၾကာသြားခဲ့ပါတယ္။ သို႔ေသာ္ျငား တခ်ိဳ႕ေတြက ကြၽန္မကို နားလည္မေပးႏိုင္ဘဲ 'လံုးဝupမေပးေတာ့တာလား'လို႔ စိတ္ဆိုးသလို ေမးတာေတြ upၾကာလို႔ ေနာက္ထပ္ဆက္ျပန္မဲ့သူ အသစ္ရွာေနတာေတြကို ျမင္ရတဲ့အခါ တကယ္ပဲ ဝမ္းနည္းမိပါတယ္။ ကြၽန္မလည္း အခ်ိန္ရရင္ ရသလို ဘာသာျပန္ဖို႔ကို ႀကိဳးစားေနပါတယ္။ အကယ္၍ စာဖတ္သူေတြအတြက္ အဆင္မေျပဘူးဆိုရင္ ေနာက္ထပ္ဆက္ဘာသာျပန္ေပးမယ့္သူေတြဆီ ရွာၿပီးသြားဖတ္ခ်င္ၾကတယ္ဆိုလည္း သေဘာပါပဲ။ ဒီၾကားထဲ အေၾကာင္းမၾကားဘဲ ပစ္ထားလိုက္သလို ျဖစ္သြားတာက ကြၽန္မအမွားပါ။ ကြၽန္မဘာသာျပန္ေနတဲ့ novelေတြကို ခ်စ္လြန္းလို႔ အဆံုးထိမျပန္ဘဲ ရပ္ပစ္လိုက္ဖို႔ဆိုတာ တစ္ခါမွ ေတြးေတာင္မေတြးမိဖူးတာေတာ့ အမွန္ပါပဲရွင္။

You've reached the end of published parts.

⏰ Last updated: Sep 13, 2023 ⏰

Add this story to your Library to get notified about new parts!

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now