Chapter [6]

1K 277 41
                                    

Zawgyi

နောက်ဆက်တွဲ

ဆုန်းဖေးက အသက်တရှိုက်အတွင်း သူ့အဆောင်ခန်းရှိရာကို ပြေးသွားလိုက်ပြီး ချက်ချင်းတံခါးပိတ်ချလိုက်တယ်။ သူက အခန်းတံခါးကိုတောင် မမှီရဲတာကြောင့် သူတို့အခန်း ဝရံတာက လျှောတံခါးဆီကို တန်းတန်းမတ်မတ် ပြေးသွားခဲ့တယ်။ အခန်းရဲ့အတွင်းဆုံးပိုင်းကို ရောက်တာနဲ့ သူ့ခြေထောက်တွေဟာ ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်လဲကျသွားတော့တယ်။

ကြမ်းပြင်ပေါ် ဖင်ထိုင်လျက် ကျသွားတာနဲ့တပြိုင်နက် အိမ်မက်ယောင်နေသလို ဝေဝေဝါးဝါး ခံစားချက်တွေဟာ ပျောက်ဆုံးသွားကြတော့တယ်။

အိပ်ရာတွေ၊ စားပွဲခုံတွေ၊ ကုလားထိုင်ရဲ့ နောက်ကျောမှာ တို့လို့တွဲလောင်း တင်ထားတဲ့ မလျှော်ရသေးတဲ့ အင်္ကျီတွေ၊ အခုထိ မဆေးရသေးတဲ့ ခေါက်ဆွဲပန်းကန်တွေ... ဟုတ်တယ် ဒါသူ့အဆောင်ခန်းပဲ။ သူတစ်နှစ်ကျော်လောက် စာကြည့်လိုက် အိပ်လိုက်လုပ်ခဲ့တဲ့နေရာ။

ဒါပေမယ့် အပြင်ဖက်မှာ ဘာတွေဖြစ်ကုန်တာလဲ?

ဆုန်းဖေးက ရှုပ်ထွေးနေခဲ့တယ်။

အကြမ်းဖက် တိုက်ခိုက်ခံရတာလား? ဇီဝကမ္မဖြစ်ရပ်ကြီး ကပ်ဆိုက်တာလား? သူတို့တွေ အေးအေးဆေးဆေး စာမေးပွဲ ဖြေနေကြတုန်း မကောင်းဆိုးဝါး အုပ်လိုက်ကြီးက အထဲပြေးဝင်လာကြတယ်။ ထိုအရူးတွေကြောင့် ဘယ်သူကမှ စာမေးပွဲကို ဂရုမစိုက်နိုင်ကြတော့ဘဲ အကုန်လုံးက ကြောက်လွန်းလို့ ကြွက်ကလေးတွေလို တုန်ရီနေခဲ့ကြတယ်... ဟ ဒါကတစ်ထောင့်တစ်ည ပုံပြင်တွေလိုပဲ မဟုတ်လား။ ဒါပေမယ့် သူ့ခြေထောက်တွေကတော့ စပြီးကြွက်တက်နေပြီ။
အရာအားလုံးက လုံးဝကို လက်တွေ့မကျဘူး။

ဒါပေမယ့် အရာအားလုံးက အလွန်စစ်မှန်နေခဲ့တယ်။

ဆုန်းဖေးက သူ့ခြေထောက်ရဲ့ နာကျင်မှုကို သည်းခံလိုက်ပြီး သူ့ကိုယ်သူ အားပြင်းပြင်းနဲ့ ရိုက်ချလိုက်တယ်!

အံ့အားသင့်စရာပဲ အခုတော့ သူ့ခြေထောက်ရော သူ့မျက်နှာရော နာသွားပြီ။

ဆုန်းဖေးက သူ့ကိုယ်သူ လဲမကျစေဘဲ မတ်တပ်ထရပ်ဖို့အတွက် ကြိုးကြိုးစားစား ရုန်းကန်လိုက်တယ်။ ဆုန်းဖေးက သူ့ခြေထောက်ကို ၂ကြိမ်ဆောင့်လိုက်တော့ ကြွက်တက်တာက အနည်းငယ် သက်သာသွားခဲ့တယ်။ သူ ဝရံတာရဲ့ လျှောတံခါးကို တွန်းဖွင့်လိုက်ပြီး လက်ဆေးကန်ဆီကိုသွားကာ ရေပိုက်ဖွင့်လိုက်ပြီးနောက် သူ့ခေါင်းကို နှစ်ထားလိုက်တော့တယ်။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now