Chapter [13]

1K 249 42
                                    

Zawgyi

အားလုံးအဆင်သင့်ဖြစ်ပြီ

အရုဏ်မတက်ခင် အချိန်မှာ စုန့်ဖေးဟာ ကျိုးယီလုနဲ့ ချောင်စစ်ချီတို့ရဲ့ အပြိုင်အဆိုင် ဟောက်သံတွေကြောင့် နိုးလာခဲ့တယ်။ သူတို့၂ယောက်ရဲ့ ဟောက်ပုံဟောက်နည်းက လုံးဝကွဲပြားတယ်။ တစ်ယောက်က တိုပြတ်ပြတ်နဲ့ ကျယ်ကျယ်ဟောက်တာဖြစ်ပြီး နောက်တစ်ယောက်က သံရှည်ဆွဲပြီးဟောက်တာ။ နှစ်ယောက်သားရဲ့ ဟောက်သံတွေဟာ နွားအော်သံနဲ့ နွားကျောင်းသားလေးက နွားကျောင်းရင်း ပုလွေမှုတ်သံ ရောယှက်နေသလိုမျိုး အလွန်ထူးဆန်းတယ်။

စုန့်ဖေးဟာ ခေါင်းအုံးဘေးက ဖုန်းကိုယူလိုက်ပြီး နာရီကြည့်လိုက်တယ်။ မမျှော်လင့်ထားစွာဘဲ သူ့လက်မောင်းကို စောင်အပြင်ထုတ်လိုက်တာနဲ့ အတန်ကြာ စောင့်ဆိုင်းနေခဲ့တဲ့ အအေးဓာတ်က အခွင့်ကောင်းယူကာ ဝှီးခနဲ ဝင်ရောက်လာပြီး ခိုက်ခိုက်တုန်သွားတော့တယ်။

စုန့်ဖေးက စောင်ထဲကို အလျင်အမြန် ပြန်ဝင်လိုက်တယ်။ သူ့ဖုန်းမျက်နှာပြင်က လင်းလာတဲ့ အေးစက်စက် အလင်းရောင်လေးက စုန့်ဖေးရဲ့ နီရဲရဲ နှာခေါင်းထိပ်လေးပေါ်ကို ရောင်ပြန်ဟပ်နေခဲ့တယ်။

ပေကျင်းစံတော်ချိန် နံနက်၅နာရီ။

အပြင်ဖက်မှာ ပိန်းပိတ်အောင် မှောင်နေဆဲဖြစ်ပြီး ရောင်နီသမ်းမယ့် အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ စုန့်ဖေးဟာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင်းတုန်းက ဒီလိုစောစောမထခဲ့တာကို ရုတ်တရက် ဝမ်းသာမိသွားတယ်။ ၄င်းက တရုတ်နိုင်ငံ အရှေ့မြောက်ဒေသရဲ့ အဆင့်မြင့် ပညာရေးစနစ် အထက်တန်းကျောင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလမှာဆို ကျောင်းရဲ့အကြီးအကဲတွေက ကျောင်းသားတွေကို ကစားကွင်းတွေဆီ ဦးဆောင်ခေါ်သွားပြီး ရေခဲရုပ်တွေ လုပ်ခိုင်းလေ့ရှိတယ်။

"နိုးပြီလား?" ချီယန်က သူ့နားထဲကို တီးတိုးမေးလာခဲ့တယ်။

သူတို့က ကုတင်ချင်းကပ်ပြီး ဘေးတိုက်အိပ်ကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် သိပ်မဝေးဘူး။

"အင်း"

စုန့်ဖေးက ဖုန်းကိုချလိုက်တယ်။ အခန်း၄၄၀ထဲကို ထွင်းဖောက်ကျရောင်နေတဲ့ ဖြူလွလွ လရောင်အလင်းတန်းလေးတွေက တဖြည်းဖြည်း ကွယ်ပျောက်သွားကုန်ပြီး ကမ္ဘာကြီးရဲ့ တိတ်ဆိတ်ငြိမ်းအေးမှုတွေ နဂိုအတိုင်း ပြန်ရောက်လာသလိုမျိုးပဲ။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now