Chapter [24]

724 153 30
                                    

Zawgyi

တာကြီးမျက်မည်း

WN : အနည်းငယ် ကြမ်းတမ်းရိုင်းစိုင်းသော စကားအသုံးအနှုန်းများ ပါဝင်ပါသည်။ လွတ်လပ်စွာ ဆဲဆိုနိုင်ပါကြောင်း။

ကျန်းမာငယ်ရွယ်တဲ့ ယောက်ျားလေး ၁၇ယောက် ရောက်ချလာတာ ဟာသတော့ မဟုတ်ဘူး။ စင်တန်းနှစ်တန်းဟာ လေမုန်တိုင်း တိုက်ခံလိုက်ရသလို၊ စပါးခင်းထဲ ကျိုင်းကောင်အုပ်လိုက်ကြီး ကျလာသလို အပြောင်ဖြိုခံလိုက်ရတယ်။ မိနစ်အနည်းငယ် အတွင်းမှာပဲ စူပါမားကတ်ရဲ့ ကြမ်းပြင်ပေါ်မှာ အမျိုးမျိုးသော မုန့်ခွံတွေ၊ ဘူးခွံ၊ ပုလင်းခွံတွေနဲ့ ပွစာတက် ပြန့်ကြဲနေတော့တယ်။

တဖြည်းဖြည်းနဲ့ ဗိုက်ပြည့်သွားတဲ့ ကျောင်းသားတွေဟာ ကြမ်းပြင်ပေါ် ပစ်လှဲချကာ အစာခြေရင်း သူတို့ရှင်သန်လွတ်မြောက်လာပုံကို စားမြုံ့ပြန်ကြတယ်။

"သောက်ငရဲလိုပဲ နောက်ဆုံးတော့ ငါအသက်ရှင်သေးတာပဲ..."

"ကြိုသာသိရင် အစောကြီးကတည်းက ထွက်လာတာပေါ့ကွာ အရင်ရက်တွေက အဆောင်ခန်းထဲမှာ အတော်လေးကို ခံစားခဲ့ရတာ..."

"ငါတို့အားလုံး မြန်မြန်ပြေးနိုင်ကြလို့ တော်သေးတာပေါ့ 317ကကောင်တွေဆို နောက်ကျန်နေခဲ့ပြီး တစ်ယောက်မှ ထွက်မလာနိုင်ကြဘူး"

"ငါ့ရဲ့တက္ကသိုလ်ကျောင်းသားဘဝက တော်တော်လေး ကြောက်စရာကောင်းနေပြီ..."

စုန့်ဖေးတို့ အုပ်စုဟာ အစားအသောက် စင်တန်းနဲ့ မလှမ်းမကမ်းက နေ့စဉ်သုံးပစ္စည်း စင်တန်းဘေးမှာ ထိုင်နေကြလေတယ်။ သို့သော်လည်း စင်တန်းများစွာက ကြားထဲမှာ ပိုင်းခြားထားပြီး သူတို့ကို ကမ္ဘာကြီးနဲ့ ဝေးကွာနေစေတယ်။ ထိုလူတွေ ပြောနေကြတဲ့ စကားတွေကို ဘေးကနေ ဝိုးတဝါးသာ ခန့်မှန်းနိုင်ပြီး အလုံးစုံတော့ မကြားရလေဘူး။

ချောင်စစ်ချီဟာ ကြမ်းပြင်ပေါ်က ပန်းသီးအချိုရည် တစ်ဘူးကို ကောက်ယူလိုက်ပြီး ဖွင့်ဖောက်ကာ တစ်ကျိုက်တည်း မော့ချလိုက်တယ်။ ထို့နောက် ကျန်၅ယောက်က တုတ်တုတ်မှ မလှုပ်တာကိုမြင်တော့ လေချဉ်တက်ကာ တိုက်တွန်းလိုက်တယ် : "မြန်မြန်လေး ယူသောက်ကြလေ အကြာကြီး စဉ်းစားနေရင် သူများတွေဦးသွားပြီး နောက်ရက်တွေ ငတ်နေရဦးမယ်"

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now