Chapter [23]

702 172 32
                                    

Zawgyi

Merry Christmas

နောက်ထပ်၂ရက်ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အလျင်အမြန် ကုန်ဆုံးသွားခဲ့တယ်။

ခြောက်ယောက်သားဟာ ကုန်လှောင်ရုံက လက်ကျန်စာရင်းတွေကို ရှင်းလင်းရင်းနဲ့ နေ့တဝက် ကုန်ခဲ့ကြတယ်။ ပြီးတာနဲ့ အတူတူစုကာ မြေပုံထဲ ခေါင်းစိုက်ကြပြန်တယ်။ သူတို့တွေ အခေါက်ခေါက် အခါခါ နေရာတွေမျိုးစုံကို ဆွေးနွေးပြီးကြပေမယ့် စာရွက်ပေါ်က မြင်ရသလောက်သာ ဖြစ်တာကြောင့် နောက်ဆိုသူတို့အတွက် ဆွေးနွေးစရာ ကျန်မှာမဟုတ်တော့ဘူး။ ဘယ်ကမှ လူသစ်ရောက်မလာဘဲ ဘာသတင်းမှ မကြားရဘူးဆိုရင် သူတို့ဘာဆက်လုပ်ရမယ်မှန်း မသိတော့ဘူး။

ဖောက်ထွက်တာက အန္တရာယ်များပေမယ့် သူတို့အနေနဲ့ အပြင်က အခြေအနေတွေကို သိနိုင်ပြီး တခြားသူတွေနဲ့လည်း ဆက်သွယ်နိုင်မယ်။ ဒီထဲမှာပဲ နေနေတာက လုံခြုံပေမယ့် သူတို့တွေ မျက်စိပိတ် နားပိတ်ပဲ ဆက်ဖြစ်နေကြလိမ့်ဦးမယ်။ ဘယ်တစ်ခုက ပိုကောင်းလဲ ပြောရခက်ပေမယ့် လက်ရှိမှာတော့ သူတို့ခြောက်ယောက်လုံး ပျင်းရိနေကြပြီ။

ဇွန်ဘီကပ်ပျက်ကြီးရဲ့ ၈ရက်မြောက်နေ့မှာတော့ သူတို့တွေ စူပါမားကတ်ထဲ စဝင်ကာက ၄ရက်မြောက် နေ့ကလိုပဲ ကောင်းကင်ကြီးက တိမ်ထူကာ အုံ့မှိုင်းနေခဲ့တယ်။

"ငါတို့တစ်ခုခု လုပ်စရာ ရှာရအောင် ဒီအတိုင်းသာ ဆက်သွားနေရင် စိတ်ဓာတ်ကျပြီး သေသွားတော့မယ်" ဆက်ပြီး သည်းမခံနိုင်တော့တာကြောင့် စုန့်ဖေးက ထရပ်ကာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဦးနှောက်ထဲက အကြံဉာဏ်တွေ ဖျစ်ညစ်ထုတ်နေခဲ့တယ်။

"အားကုန်ခံမနေနဲ့" ကျိုးယီလုဟာ ချောင်စစ်ချီ လက်ထဲက Glico Pockyဘူးအားနှိုက်ကာ ချောကလက် ဘီစကစ်တစ်ချောင်းယူပြီး တဂျွတ်ဂျွတ် ဝါးစားလိုက်တယ် : "ဖတ်စရာ စာအုပ်လည်း မရှိဘူး၊ အင်တာနက်လည်း မရဘူး၊ ဆော့စရာ ဖဲထုပ်လည်း မရှိဘူး၊ မာကျောက်လည်း မရှိဘူး၊ ဒီသတ်ရဖြတ်ရတဲ့ ကစားနည်းကို ငါအတော်လေး စိတ်ကုန်နေပြီ ငါတို့လို လူပျိုလေး၆ယောက်က truth or dareဂိမ်းလည်း ကစားလို့မရဘူးကွာ"

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Opowieści tętniące życiem. Odkryj je teraz