Zawgyi
ညအချိန်ထွက်ပြေးခြင်း
အသားကပ်ဘောင်းဘီတွေကို ချစ်မြတ်နိုးပြီး တစ်ဘဝလုံး အရှက်မရှိ နေထိုင်လာသော ချောင်စစ်ချီဟာ သူ့ရဲဘော်တွေကို နှလုံးတုန်စေလောက်တဲ့ ရိုလာကိုစတာကြီး ပေးစီးခဲ့လေတယ်။ အခုချိန်မှာတော့ သူတို့တွေ သစ်ပင်ပေါ်မှာ လူသားသစ်သီးတွေလို တွဲလောင်းဖြစ်နေတာက သိပ်ပြီးရှက်စရာမကောင်းတော့ဘူးလို့ ခံစားလာရပြီ။
ချီယန်က ချောင်စစ်ချီကို ကြည့်လိုက်ပြီး : "ဟေး ဘာဖြစ်လို့ ပြန်လှည့်ပြေးလာတာလဲ?"
သူတို့ရဲ့ Plan Bအရ ပါဆယ်ထုပ်တွေ လက်ခံတဲ့ အဆောက်အဦးက အန္တရာယ် မကင်းရင် အရင်ဆုံး နီးစပ်ရာ သစ်ပင်တွေပေါ် ပြေးတက်ပုန်းပြီး နောက်မှနည်းလမ်းအသစ် ထပ်စဉ်းစားကြမယ်လို့ လူတိုင်းက သဘောတူထားကြတာ။ ရှေ့ဆုံးကပြေးတဲ့ ချောင်စစ်ချီတစ်ယောက် တပ်ပြန်ဆုတ်လာပုံအရ ထိုအဆောက်အဦးမှာ ပြဿနာတစ်ခုခု ရှိနေပုံပဲ။
"No Way" အတန်းဖော်ဂျွန်က စဉ်းတောင်မစဉ်းစားဘဲ ပြောချလာတယ်။
ချီယန်က ထိုခပ်ပြတ်ပြတ် အဖြေကြောင့် တံထွေးသီးကာ မျက်နှာကြီး မည်းမှောင်သွားတော့တယ်။
စုန့်ဖေးမှာတော့ ပဲလှော်ကြား ဆားညပ်နေတော့တယ်။ သူ ချီယန် အဆော်ခံရတာကို မြင်ချင်ပေမယ့် ဒီလိုကြီးကတော့ မဟုတ်သေးဘူး : "ချောင်စစ်ချီ မင်းရူးသွားပြီလား ငါတို့၅ယောက်က မင်းနောက်လိုက်ပြီး သစ်ပင်ပေါ် တက်ပုန်းနေရတာ ငါတို့ကို ဘာဖြစ်နေမှန်း ပြောမပြဘဲနဲ့ ဘာလုပ်စေချင်တာလဲ?"
ချောင်စစ်ချီဟာ အပြစ်တင်ခံလိုက်ရတာကြောင့် ခဏတာ ကြောင်အသွားပြီးနောက် အထင်လွဲနေရတဲ့ အကြောင်းအရင်းကို နားလည်သွားကာ မျက်နှာကို ရှုံ့မဲ့လိုက်ရင်း ပြန်ပြောတော့တယ် : "ငါပြောတဲ့ no wayဆိုတာ လမ်းမရှိဘူး no door တံခါးမရှိဘူးလို့ ပြောချင်တာကွ! ပါဆယ်ဆောင်က ဝင်ပေါက်မှာ တံခါးရွက်မရှိတော့ဘူး တံခါးဘောင်ကြီးပဲ ကျန်တော့တယ်! ငါတို့တွေ ဒီလောက်ရက်တွေ အများကြီး နေ့ရောညပါ သေအတူရှင်မကွာ ဖြတ်ကျော်လာခဲ့ပြီးမှ မင်းတို့တွေ ငါ့စကားကို ဒါလေးတောင် နားမလည်ကြဘူးလား!"
YOU ARE READING
ဇွန်ဘီတက္ကသိုလ်(ဇွန်ဘီတက္ကသိုလ်)
FanfictionBoth Zawgyi and Unicode. ဇွန်ဘီခေတ်ပျက်ကြီး၏ ယုတ္တိဆန်သော ဇာတ်လမ်းတစ်ပုဒ်။ ဇာတ်ကောင်များဟာ တက္ကသိုလ်ကျောင်းသားများသာ ဖြစ်ကြပြီး ထူးခြားစွမ်းရည်များ မရှိကြသလို သူမတူအောင် သာလွန်ထက်မြက်သော ဦးနှောက်ဉာဏ်ရည်များလည်း မပိုင်ဆိုင်ကြပေ။ ဇွန်ဘီခေတ်ပျက်ကြီး၏ ယု...