Chapter [12]

1K 262 60
                                    

Zawgyi

မျှော်လင့်ချက်အား ဆုပ်ကိုင်ထားခြင်း

"ကျိုးယီလု?"

"စုန့်ဖေး?"

အတန်းဖော်ချီယန်ဟာ စားစရာယူမလာဘဲ ကျွေးရမယ့်ပါးစပ်ပေါက် တစ်ပေါက်ကိုသာ အတူခေါ်လာခဲ့တယ်။ အခုတော့ အရာအားလုံးက လုံးဝကို ဆန်းကြယ်သွားပြီ။ အခုဆို သူတို့၎ယောက် အတူတူ မာကျောက်*ကစားလို့တောင်ရနေပြီ။

(လူ၎ယောက်ပါဝင်တဲ့ တရုတ်နိုင်ငံရဲ့ နာမည်ကြီး ကစားနည်းတစ်မျိုးပါ)

ဒီလိုမျိုး အခန်း၆၄၀က လူတစ်ယောက်နဲ့ ၄၄၀က လူတစ်ယောက်ဟာ ရင်းနှီးသိကျွမ်းနေကြလိမ့်မယ်လို့ သူမထင်ထားမိဘူး။

ချီယန်ကတော့ စုန့်ဖေးဟာ သူနဲ့သာ အစေးမကပ် ဖြစ်နေတယ်လို့ ခံစားလိုက်ရတယ်။ ဒီလိုမြင်ကွင်းမျိုးအတွက် သင့်တော်တဲ့ နောက်ခံဇာတ်လမ်းကတော့ 'Love in a fallen city' ဝတ္ထုပဲ။ မီးသီးလေးတွေ*နဲ့ တနေ့ပြီးတနေ့ တိုးတိုးလာတဲ့ ဇွန်ဘီတွေ။

(မီးသီး = တတိယဘီး)

"မင်းမျက်နှာက ဘာဖြစ်တာလဲ?"
သူ့ရဲ့အဖြူရောင်ဂျက်ကတ်က ပြေးရင်းလွှားရင်း စုတ်ပြဲသွားတာကို စုန့်ဖေးလက်ခံသေးတယ်။ ဒါပေမယ့် ကျိုးယီလုရဲ့ မျက်နှာပေါ်က ဒဏ်ရာကတော့ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပဲ။

"အာ ဒီအကြောင်းတွေ မပြောကြရအောင်"
ကျိုးယီလုက ထိုအကြောင်းတွေကို ပြန်မပြောချင်ခဲ့ဘူး။

စုန့်ဖေးနဲ့ ချောင်စစ်ချီဟာ တိတ်ဆိတ်သွားခဲ့တယ်။ မနေ့ကသာဆို သူတို့နှစ်ယောက်စလုံး ဒီလိုမျိုး လူမဆန်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြလိမ့်မယ်။ အခုတော့ သူတို့လည်း ဘာပြောရမယ်မှန်း မသိတော့ဘူး။

စုန့်ဖေးက သက်ပြင်းချလိုက်ပြီး ကျိုးယီလုရဲ့ ပုခုံးကို ပုတ်ပေးလိုက်တယ် : "မင်းလည်း ဗိုက်ဆာနေရောပေါ့ ငါမင်းအတွက် ခေါက်ဆွဲခြောက် ခြေပေးမယ်လေ?"

(ပြုတ်သောက်စရာ ရေနွေးမရှိတော့လို့ ခြေပြီးစားကြတာပါနော်)

ကျိုးယီလုအတွက်ကတော့ ဒီ၃ရက်အတွင်း ပထမဆုံးအနေနဲ့ သူ့နှလုံးသားလေး နွေးထွေးသွားရတာပါပဲ။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now