Chapter [7]

1.1K 287 55
                                    

Zawgyi

တစ်ကြိမ်ထပ်ပြီး

ဆုန်းဖေး အဆောင်ခန်းတွေဆီ ပြန်ရောက်လာတုန်းက နေ့လည်၁၁နာရီတောင် မထိုးသေးဘူး။ အခုညနေ၆နာရီတောင် ရောက်နေပြီဆိုပေမယ့် မော်ကွန်းထိန်းရဲ့ ရုံးခန်းထဲကနေ ဘာကြေညာချက်မှ ထပ်မလွှင့်သေးဘူး။ အိပ်ဆောင်အဆောက်အဦး ဧရိယာကြီး တစ်ခုလုံးဟာလည်း သက်ရှိတွေ ကင်းမဲ့နေသည့်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေကာ ပိုကြောက်စရာကောင်းတဲ့ အရာတွေက တိတ်တဆိတ် ပုန်းလျှိုးကွယ်လျှိုး ချောင်းမြောင်းနေကြသလိုမျိုး၊ သေမယ့်အချိန်ကို စောင့်ဆိုင်းနေရသလိုမျိုး ခံစားနေရတယ်။

ဝမ်ချင်းယွမ်၊ ရှန်ယန်း၊ ရန်ကျဲ၊ တစ်ယောက်မှ အဆောင်ခန်းဆီ ပြန်မလာခဲ့ကြဘူး။

ဆုန်းဖေးက အိပ်ရာပေါ်မှာလှဲနေပြီး သူ့နှလုံးသားက ဟိုးအောက်ခြေထဲမှာ နစ်မြုပ်နေခဲ့တယ်။

တစ်နေ့လည်လုံး သူဟိုဟိုဒီဒီ လျှောက်တွေးတောနေမိပြီး အိပ်မပျော်နိုင်ခဲ့ဘူး။ အရင်ကဆို ခေါင်းအုံးနဲ့ထိလိုက်ရုံနဲ့ တန်းအိပ်ပျော်သွားတတ်တာက သူအထူးချွန်ဆုံးစွမ်းရည်ပဲ။ ဒါပေမယ့် တစ်မနက်လုံး ဒီအဖြစ်အပျက်တွေ ကြုံတွေ့လာခဲ့ရပြီးနောက်မှာတော့ သူမျက်လုံးမှိတ်လိုက်တာနဲ့ သူ့ဦးနှောက်ဟာ ထိုကြောက်မက်ဖွယ် ဖြစ်ရပ်တွေကို စတင်ပြီး ပြန်လည်တွေးတောတော့တယ်။ ထိုပုံရိပ်တွေကို မောင်းထုတ်ဖို့ ကြိုးစားပေမယ့် တခြားအရာတွေကို ဆက်လက်တွေးတောမိနေတာနဲ့ပဲ အဆုံးသတ်သွားရတယ်။ ဥပမာအားဖြင့် သူတို့ကြားခဲ့ရတဲ့ ကြေညာချက်မှာ ဒီအဖြစ်အပျက်တွေဟာ မတော်တဆမှုတစ်ခုပါလို့ ပြောနေပေမယ့် တကယ်တမ်းကျ ဘယ်လိုမတော်တဆမှုမျိုးလဲ လူသားစားကြတာကို မတော်တဆလို့ သတ်မှတ်လို့ရနိုင်သလား? ပထမဆုံးအနေနဲ့ အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ် ကျောင်းသားအားလုံး စိတ်ချလုံခြုံစွာ အနားယူကြပါဆိုတဲ့ စကားကို သူတို့မကြားခဲ့ရသလို သူတို့အားလုံးကို အနီးနားက လုံခြုံတဲ့နေရာမှာ ပုန်းခိုနေကြဖို့ပဲ ကြေညာခဲ့တယ်။ ဆိုလိုတာဟာ ကျောင်းက အခြေအနေတွေကို မထိန်းချုပ်နိုင်သေးဘူးဆိုတဲ့ သဘောလား? ဒါဖြင့်အခုရော အခုကရော အရာအားလုံး ပြန်အဆင်ပြေသွားပြီလား? အားလုံးအဆင်ပြေသွားပြီဆို ဘာလို့အခုထိ ကြေညာချက်အသစ် မထုတ်လွှင့်သေးတာလဲ?

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now