Chapter [25]

658 140 39
                                    

Zawgyi

Plan A, B, C, D

ခြောက်ယောက်သား တစ်နေ့လည်လုံး ခေါင်းချင်းဆိုင် ဆွေးနွေးခဲ့ကြတယ်။ စားစရာ တော်တော်များများ ကုန်သွားပြီဆိုပေမယ့် အဆာပြေမုန့်တွေတော့ ကျန်သေးကာ ကြမ်းပြင်ပေါ် ပွနေတဲ့ အခွံတွေက သက်သေပင်။

"ငါတို့တကယ်ကြီး ပြန်ဆုတ်ကြတော့မှာလား? အပြင်ရောက်ရင် ပြဿနာတွေ တွေ့နိုင်တယ်နော် ငါတို့အရင်ဆုံး ဟိုကောင်တွေနဲ့ တစ်ပွဲလောက် မနွှဲသင့်ဘူးလား?"
သူတို့ဟာ ကန်တင်းကို ဘယ်လိုသွားကြမယ်၊ တံခါးတွေ ဘယ်လိုပိတ်ကြမယ်၊ ဘယ်လိုအရေးပေါ် အခြေအနေမျိုးမဆို ရင်ဆိုင်ဖြေရှင်းကြမယ့် နည်းလမ်းတွေကို ဆွေးနွေးပြီးကြပေမယ့် ချောင်စစ်ချီကတော့ အနည်းငယ် ထိတ်လန့်နေဆဲပဲ။ စူပါမားကတ် အတွင်းဖက်မှာ ဘာအန္တရာယ်တွေပဲရှိရှိ စူပါမားကတ် အပြင်ဖက်မှာလောက်တော့ အန္တရာယ်ကြီးမှာ မဟုတ်ဘူးလေ။

ကျိုးယီလုဟာ ချောင်စစ်ချီ လက်ထဲက စားလက်စ မုန့်ထုပ်ကို ဆွဲယူလိုက်ပြီး သူတို့စားထားတဲ့ မုန့်ခွံတွေနဲ့အတူ ဘေးမှာစီချကာ ရှဥ့်ပေါက်လေးလို တိုက်ခိုက်ဖို့ တဂျီဂျီပြောနေတဲ့ ချောင်စစ်ချီကို ဆုံးမလိုက်တယ် : "မင်းကြည့် စားစရာတွေက နည်းနည်းပဲ ကျန်တော့တာ ငါတို့စားလိုက်ရင် ကုန်သွားမှာပဲ ငါတို့က ဘာအတွက်ကြောင့် တိုက်ခိုက်နေရဦးမှာလဲ?"

ချောင်စစ်ချီက မေးပင့်လိုက်ပြီး : "ဝင်ပေါက်က သော့တွေအားလုံးက ငါတို့ဆီမှာ သူတို့ ငါတို့ကို စားစရာတွေ ခွဲမပေးဘဲ အကြပ်ရိုက်အောင် ဆက်လုပ်နေဦးမယ်ဆိုရင် တံခါးတွေ ဖွင့်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်မယ် ပြီးရင် ငါတို့အတူတူ သေရုံပဲ တစ်ယောက်မှ အသက်ရှင်လျှက် ထွက်သွားနိုင်ဖို့ မစဉ်းစားကြနဲ့"

ချီယန်ကသူ့ကို အေးစက်စက် မေးလာတယ် : "သူတို့ဖက်က အလျှော့မပေးရင် မင်းတကယ်ကြီး တံခါးတွေကို ဖွင့်လိုက်မှာလား?"

ချောင်စစ်ချီ လန့်သွားပြီး : "ဖွင့်လိုက်ရင် ငါတို့အကုန်လုံး သေကုန်မှာပေါ့ တကယ်ကြီးတော့ ဘယ်ဖွင့်ပါ့မလဲ သူတို့ကို ခြိမ်းခြောက်ရုံတင်"

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now