Chapter [15]

962 215 53
                                    

Zawgyi

သူရဲကောင်း၅ယောက်

လူတိုင်းက ငေးကြောင်နေကြပေမယ့် နောက်ဆုံးမှ ဝင်လာခဲ့တဲ့ ချီယန်က အလျင်အမြန် သတိပြန်ဝင်လာပြီး ဝရံတာတံခါးကို ပြေးပိတ်ဖို့ပြင်ပေမယ့် သူရွေ့ရွေ့ချင်းမှာပဲ ရုတ်တရက် မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ဟာ နောက်တစ်ကြိမ်ဝင်ဖို့ ကြိုးစားလာပြီး ဘေးနားက မှန်တံခါးကို ထပ်ဝင်တိုက်လာပြန်တယ်!

ဒုန်း!

ကွဲအက်ရာတွေက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့တယ်။

အခန်းထဲက လူတိုင်းဟာ လေအေးတွေကို ရှူရှိုက်လိုက်မိကြတယ်။ ကျိုးယီလုက သူ့ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ပြီး ချောင်စစ်ချီနဲ့ ချီယန်ကလည်း သူတို့ဓားတွေကို အသင့်ပြင်ထားကြကာ စုန့်ဖေးကတော့ သူ့ယပ်တောင်ကို တဟူးဟူးမြည်သံနဲ့အတူ ဆွဲဖွင့်လိုက်တယ်!

တတိယအကြိမ်မြောက်

ခွမ်း_

မှန်တစ်ချပ်လုံး ကွဲကြေသွားတော့တယ်။

မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ရဲ့ မျက်နှာမှာ ဖန်ကွဲစတွေစိုက်ကာ ရှရာအကြီးကြီးတွေ ဖြစ်ပေါ်နေပေမယ့် ထိုဧည့်သည်ကတော့ နာကျင်မှုကို သတိထားမိပုံတောင် မပေါ်ဘူး။ ရှေ့မှာအတားအဆီး မရှိတော့တာကိုတွေ့တော့ ထိုဧည့်သည်က ချက်ချင်းပြေးဝင်လာတော့တယ်!

တံခါးဘောင်မှာ စိုက်နေသေးတဲ့ မှန်စတွေဟာလည်း ထိုတစ်ယောက်ရဲ့ အကြမ်းပတမ်း ဝင်ရောက်ကာ တွန်းတိုက်သွားမှုကြောင့် နေရာအနှံ့ဆီ ပြန့်ကျဲကုန်တယ်!

ချီယန်က အနီးဆုံးမှာ ဖြစ်တာကြောင့် မှန်ကွဲစတစ်ခုက သူ့ပါးဘေးကနေ ဖြတ်သွားပြီး သီသီလေး ရှောင်နိုင်ခဲ့တယ်။ သူပြန်လှည့်လိုက်ချိန်မှာတော့ ထိုမဖိတ်ခေါ်ထားတဲ့ဧည့်သည်က သူ့ရှေ့တည့်တည့်မှာ ရောက်နေလေတယ်!

ချီယန်က သူ့ဓားကိုသုံးဖို့ ပြင်လိုက်ပေမယ့် ထိုဧည့်သည်က သူ့ပေါ်ခုန်အုပ်လာတာကြောင့် လက်မောင်းမြှောက်ချိန်တောင် မရလိုက်ဘူး!

သူမျှော်လင့်ထားသလိုပဲ အနက်ရောင် အရိပ်တစ်ခုဟာ သူ့နောက်တည့်တည့်ကနေ ထွက်ပေါ်လာပြီး ခုန်ပျံကျော်လွှား ခြေကန်ချက်နဲ့အတူ ထိုဧည့်သည်ရဲ့ ခါးဘေးကို ဖြတ်ကန်ချလာခဲ့တယ်!

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now