Chapter [19]

1.1K 221 43
                                    

Zawgyi

Sophophobia

စုန့်ဖေးနဲ့ တခြားသူတွေက လင်တိလိန်အား အဆောင်ခန်းတွေရဲ့ အကြောင်းနဲ့ သူတို့လွတ်မြောက်လာပုံကို ပြန်ပြောပြခဲ့တယ်။ လင်တိလိန်ဟာ အဆောင်ပေါ်က ကျောင်းသားတွေ အစုလိုက်အပြုံလိုက် ခုန်ချသတ်သေတဲ့ အကြောင်းကိုကြားတော့ သူမမျက်လုံးတွေ နီရဲနေခဲ့ပြီး ကျောင်းသီချင်းဆိုခဲ့တဲ့အကြောင်း ကြားရချိန်မှာတော့ သူတို့ရဲ့ ကသောင်းကနင်း ဖြစ်မှုအတွက် သူမစိုးရိမ်ထိတ်လန့်သွားခဲ့တယ်။ သူတို့တွေ အကုန်ပြောပြီးချိန်မှာတော့ သူမဟာ တိတ်ဆိတ်သွားပြီး လက်ထဲက ခေါက်ဆွဲပြုတ် ပန်းကန်ကိုကိုင်ကာ ငြိမ်သက်စွာ ထိုင်နေရင်း အတွေးထဲ နစ်မြုပ်နေခဲ့တယ်။

စူပါမားကတ်ထဲမှာ အလွန်အမင်း ပူနွေးနေကာ ထိုပူနွေးမှုက လူတွေရဲ့ ခံစားချက်ကို အရှိန်အဟုန် မြင့်တက်လာစေပြီး သူတို့ကို အသက်ရှူကြပ်လာစေခဲ့တယ်။ သို့သော်လည်း အပူပေးစက်ပျက်နေတဲ့ အေးစက်စက် အဆောင်ခန်းတွေထက်စာရင်တော့ နည်းနည်းတော်သေးတယ်။

၆ယောက်သားဟာ အချိန်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။

သူတို့ရဲ့ တင်းနေတဲ့ အာရုံကြောတွေဟာ တဖြည်းဖြည်း ပြေလျော့လာပြီးနောက် ဆင်ခြင်တုံတရားဟာ ပြန်လည်ရောက်ရှိလာခဲ့တယ်။ တကယ်တမ်း သူတို့ရဲ့ အကျပ်အတည်း ပြဿနာက လူတိုင်းရဲ့ စိတ်ထဲမှာ နောင်လာမယ့် အနာဂတ်ဆိုတာကို မျှော်လင့်ချက်မဲ့နေတာပဲ။

"ဖာ့ခ်!" ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး စုန့်ဖေးဟာ သူ့ပေါင်သူ ရိုက်လိုက်တယ် : "ကြိုးဖုန်း ရုံးခန်းထဲမှာ ကြိုးဖုန်းတစ်လုံး ရှိတယ်လေကွ!"

ထိုစကားတစ်ခွန်းဟာ လူတိုင်းကို တွေဝေနေရာမှ နိုးထလာစေခဲ့တယ်။

လင်တိလိန်အပါအဝင် သူ့ရဲ့ရဲဘော်ရဲဘက်တွေဟာ ကြက်သွေးထိုးထားသလို တက်ကြွသွားကြတော့တယ်။ လင်တိလိန်ဆိုရင် အခုချိန်မှာ အန်တီ*လာရုံမကလို့ ဦးလေးပဲလာလာ ဂရုမစိုက်နိုင်တော့ဘူး။ သူမဟာ လေထဲမှာ ခြေ၃လှမ်းလောက် ခုန်ပျံကျော်လွှားပြီးတာနဲ့ ရုံးခန်းရှိတဲ့ စူပါမားကတ် အနောက်ထဲကို တရှိန်ထိုး ပြေးသွားတော့တယ်!

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now