Chapter [16]

1K 232 43
                                    

Zawgyi

မြူထုထဲသို့ ရှေ့ဆက်တိုးခြင်း

ဇွန်ဘီကပ်ပျက်ကြီးရဲ့ ၅ရက်မြောက်နေ့ မနက်စောစောမှာ ယောက်ျားလေးဆောင်၂နဲ့၃မှာနေကြတဲ့ ကျောင်းသားတွေအားလုံး ၁၉၈၀ခုနှစ်တွေက ဒစ်စကိုသီချင်းတစ်ပုဒ်ကို ကြားလိုက်ကြရပြီးနောက်မှာတော့ ဖော်မပြနိုင်လောက်အောင် ရင်းနှီးနေတဲ့ စူးရှရှ ညှီစို့စို့ သွေးနံ့ပြင်းပြင်းကို အနံ့ရခဲ့ကြတယ်။ ရဲတဲ့ကျောင်းသားတချို့ကတော့ ဝရံတာလျှောမှန်တံခါးတွေကိုဖွင့်ကာ အပြင်ဖက်ကို ချောင်းကြည့်ခဲ့ပေမယ့် မြူတွေထူထပ်သိပ်သည်းနေတာကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ကြရဘူး။

ဘယ်သူမှ မမြင်နိုင်တဲ့ မြူထုထဲမှာတော့ ကျောင်းသား၅ယောက်ဟာ အသက်အောင့်ကာ သတိရှိရှိနဲ့ မြူထုထဲကို ရှေ့ဆက်တိုးနေခဲ့ကြတယ်။

သူတို့ငယ်ငယ်တုန်းက မျက်စိမှိတ်ပြီး ကစားခဲ့ကြတဲ့ တူတူပုန်းတမ်း ကစားပွဲလိုပဲ မျက်နှာမဲ့ ဇွန်ဘီဟာ ကျောက်တုံး- စက္ကူ- ကတ်ကြေး ကစားပွဲမှာ ရှုံးသွားတာကြောင့် မတတ်သာဘဲ မျက်စိမှိတ်ပြီး လိုက်ဖမ်းရတဲ့ ကလေးတစ်ယောက်လိုဖြစ်ကာ သူတို့၅ယောက်ကတော့ လူလည်ကျကာ အစသန်တဲ့ ကောင်လေးတွေလို အနားကနေ ပွတ်ကာသီကာဖြတ်ကာ ကြောင်တွေလို ခြေဖျားထောက်ပြီး ဖွဖွလေး တိတ်တဆိတ် ချဉ်းကပ်လာကြတယ်။

စုန့်ဖေးနဲ့ တခြားသူတွေကတော့ လော်ကန်းဟာ ဘာကြောင့်ဒီခြင်ဖျန်းဆေးဘူးကြီးကို လွတ်မြောက်ရာ လမ်းတစ်လျှောက် သယ်လာရသလဲဆိုတာ နားမလည်ခဲ့ကြဘူး။ အထူးသဖြင့် ဒီလိုဆောင်းရာသီ အချိန်ကြီးမှာ သူဟာ ပေါက်ကွဲထွက်သွားသလို အေးမြတဲ့ အငွေ့အသက်ပါဝင်တဲ့ ဘူးကိုတောင် တမင်သက်သက် ရွေးထည့်လာသေးတယ်။ သို့သော်လည်း အရမ်းကို အသုံးဝင်တယ်။ ဒီဖြန်းဆေးက သူတို့ရဲ့လူနံ့ကို အပြည့်အဝ ဖုံးကွယ်ပေးထားတယ်။ ပိုပြီးအမွှမ်းတင်ရရင် အခုချိန်မှာ သူတို့ရဲ့မျက်နှာတွေ၊ လက်တွေ၊ လည်ပင်းတွေ ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာတောင် ထိုမှော်ဆေးရည်တွေနဲ့ ဖြန်းထားမှန်း လုံးဝကို မခံစားရဘူး။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now