Chapter [20.2]

836 198 82
                                    

Zawgyi

သန့်စင်ခန်းထဲမှာ အံ့အားသင့်နေသော ကျိုးယီလု၊ စိတ်ထိခိုက်နေသော ချောင်စစ်ချီနဲ့ လေးစားအားကျနေသော လော်ကန်းတို့သာ ကျန်ရစ်ခဲ့လေတယ်_

လော်ကန်း : "ဂေးစုံတွဲတွေက အမြဲတမ်း ဒီလိုဆရာ-တပည့် ဆက်ဆံရေးမျိုးတွေလား?"

ကျိုးယီလု : "ယောက်ျားလေးနှစ်ယောက် တွဲရတာက တစ်ခုတော့ကောင်းတယ် မှန်ရင်မှန်တယ် မှားရင်မှားတယ်ပဲ တစ်ဖက်လူက မှားနေတာကို အလိုလိုက် အကြိုက်ဆောင်ပြီး ကိုယ့်ဘက်က အကြိမ်တိုင်း အလျှော့ပေးစရာမလိုဘူး"

ချောင်စစ်ချီ : "ငါအစက မင်းသူ့ကို မထိန်းနိုင်မှာကို စိုးရိမ်နေခဲ့တာ အခုတော့ ကြည့်ရတာ ဒီရှောင်တိလေးက အတွေးလွန်သွားတဲ့ပုံပဲ"

ချီယန်ကတော့ ဒီစကားဝိုင်းထဲမှာ ပါဝင်ဆွေးနွေးချင်စိတ် ရှိမနေဘူး။ သူ့အာရုံတွေက စုန့်ဖေးရဲ့ ထူးထူးဆန်းဆန်း အပြုအမူတွေဆီမှာသာ တဝဲလည်လည် ဖြစ်နေတုန်းပဲ။

လင်တိလိန်က စုန့်ဖေးကို အတော်ဝေးဝေးထိ ခေါ်ထုတ်လာခဲ့ပြီး ဘယ်သူမှ မကြားနိုင်လောက်တဲ့ နေရာကိုရောက်တော့မှ သူမဟာ စုန့်ဖေးရဲ့ အသက်မဲ့နေတဲ့ မျက်နှာလေးကို စနောက်စွာနဲ့ ခပ်ဖွဖွ ဖျစ်ညစ်လိုက်တယ် : "ဘယ်လိုဖြစ်ရတာလဲ နည်းနည်းလောက် အဆူခံလိုက်ရတာနဲ့ပဲ ဒီမျက်နှာအမူအရာလေးက ဘယ်လိုဖြစ်သွားရတာလဲ ဘယ်တုန်းက ဒီလောက်ထိ ရှက်တတ်သွားရတာလဲကွယ်?"

"မဟုတ်ပါဘူး" စုန့်ဖေးက ခေါင်းကုတ်ကာ တဟီးဟီး ရယ်ပြလိုက်တယ် : "ကျွန်တော်က တကယ့်ကို တုံးတာပဲလို့ တွေးနေမိလို့ပါ"

လင်တိလိန်က မဲ့လိုက်ပြီး : "သူကနင့်ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းဆူငေါက်နေတာလေ နင့်မှာ နင့်ကိုယ်နင် ခုခံကာကွယ်ပြောဆိုခွင့်လေးတောင် မရှိလိုက်ဘူး"

စုန့်ဖေးက ခါးသက်သက် အပြုံးတစ်ခုသာ ပေးလိုက်ပြီး ဘာမှထပ်မပြောဖြစ်ခဲ့ဘူး။

ဒီနေ့ သူလုပ်လိုက်မိတဲ့ အပြုအမူက မိုက်ရူးရဲဆန်တယ်ဆိုပေမယ့် ထိုအချိန်က သူ့ရဲ့တည်ငြိမ်နေတဲ့ စိတ်အစဉ်ကို ချက်ချင်းရူးသွပ်သွားစေတာဟာ ဘေးအခန်းက သီချင်းသံကြားလိုက်ရချိန်မှာ ချီယန်ရှိနေတယ်လို့ ထင်လိုက်မိချိန်ကပဲ။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now