Chapter [18]

866 210 45
                                    

Zawgyi

ယာယီလုံခြုံမှု

Whisper, Kao, Kotex, Sofy.
[အမျိုးသမီးလစဉ်သုံး ပစ္စည်းbrandနာမည်တွေပါ
Whisper, Kotex - U.S brand
Kao, Sofy - JPN brand]
မိန်းကလေးတွေအတွက်တော့ ဘယ်တံဆိပ်ကို ရွေးရမလဲဆိုတာ အမြဲတမ်းလိုလို ဦးနှောက်စားနေရတဲ့ ပြဿနာပင်။ တချို့မိန်းကလေးတွေကတော့ အသစ်အဆန်းကို ခံစားရအောင် မကြာခဏ တံဆိပ်အသစ်တွေ စမ်းသုံးကြည့်ကြပြီး လတိုင်းမှာ အတွေ့အကြုံ အသစ်တွေကို ရှာဖွေလေ့ရှိကြတယ်။ ကျန်တဲ့မိန်းကလေးတွေကတော့ သူတို့စသုံးကာစမှာ အဆင်အပြေဆုံး တံဆိပ်ကိုပဲ ချစ်ခင်စွဲလမ်းစွာ သေတဲ့အထိ စွဲစွဲမြဲမြဲ သုံးတတ်ကြတယ်။

လင်တိလိန်ကတော့ ထိုစွဲစွဲမြဲမြဲ သုံးတတ်တဲ့ မိန်းကလေးအုပ်စုထဲကပဲ။

ထို့ကြောင့် သူမသုံးနေကျ တံဆိပ်ကို စူပါမားကတ်ထဲက စင်တွေပေါ်မှာ ရှာမတွေ့တဲ့ အခါမှာတော့ သူမရဲ့ စိတ်ပိုင်းဆိုင်ရာဟာ ပြိုလဲသွားတော့တယ်။

သို့သော်လည်း သည်းမခံနိုင်ဆုံး အဖြစ်ကတော့ လက်ရှိမှာ မဖြစ်မနေ အရံတံဆိပ်တစ်ခုကို သုံးရမယ်ဆိုရင်တောင် တံဆိပ်အမျိုးမျိုးရဲ့ အားသာချက်တွေကို တစ်ခုချင်းစီ အသေးစိတ် လိုက်ရှာဖွေနေရတာပဲ။ ကြာရှည်ခံချိန်၊ အထူ၊ အရှည် အစရှိသည်ဖြင့်... အထူးသဖြင့် သူမနောက်မှာ ယောက်ျားလေးတစ်ယောက် ကပ်ပါလာတော့ ပိုဆိုးသေးတယ်။

လင်တိလိန်ဟာ သူမဘာသာ ဘယ်လောက်ပဲ သတ္တိရှိပါစေ သိသိသာသာ ရှက်ရွံ့သွားခဲ့တယ်။

သို့သော်ငြား တစ်ဖက်လူကတော့  လုံးဝဝင်မနှောက်ယှက်ဘဲ သူမကိုကျော်ကာ စင်ပေါ်မှ အမျိုးသမီး လစဉ်သုံး ပစ္စည်းများအား ကြမ်းပြင်ပေါ် အကုန်တွန်းချလိုက်ပြီးနောက် လှစ်ခနဲ စင်ပေါ်တွယ်တက်သွားကာ အပေါ်က လေဝင်လေထွက် ပြတင်းပေါက်ကို ဒုန်းခနဲ ဖွင့်လိုက်လေတယ်။

လင်တိလိန်ဟာ ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားတော့တယ်။ အပြင်ဖက်မှာ မကောင်းဆိုးဝါးတွေနဲ့ ပြည့်နေတာ။ ဒီလိုမျိုး မဆင်မခြင် ပြတင်းပေါက်ကို ဖွင့်လိုက်တာက သူမမျက်လုံးထဲမှာတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေသလိုပဲ။ ဒါပေမယ့် သူမပါးစပ် မဟရသေးခင်မှာ ကျန်၃ယောက်ကလည်း ပြေးလိုက်လာကြပြီး သူတို့မျက်နှာတွေပေါ်မှာ စိုးရိမ်ပူပန်နေတဲ့ အရိပ်အယောင်တွေ ချိတ်ဆွဲထားကြလေတယ်။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Hikayelerin yaşadığı yer. Şimdi keşfedin