Chapter [20.1]

746 200 14
                                    

Zawgyi

ဆွေးနွေးတိုင်ပင်ခြင်း

စုန့်ဖေး သတိပြန်ဝင်လာလာချင်း ဘယ်ဖက်က ထွက်ပေါက်ဆီ ပြေးဖို့ပြင်လိုက်ပေမယ့် ဇွန်ဘီက ထိုဖက်ကို ခုန်အုပ်လာတာကြောင့် စုန့်ဖေးဟာ ညာဖက်ကို ရှောင်လိုက်ရတယ်။ ကပ်သီးလေး ရှောင်တိမ်းနိုင်လိုက်ပြီးနောက် စုန့်ဖေးဟာ တတိယမြောက် အိမ်သာခန်းငယ်လေးရှေ့ ရောက်သွားခဲ့တယ်။ တုံ့ဆိုင်းမနေဘဲ လှစ်ခနဲ အိမ်သာခန်းလေးထဲကို ပြေးဝင်လိုက်ပြီး နောက်ပြန်လှည့်ကာ အလင်းအလျင်နဲ့ တံခါးကို ပိတ်ချလိုက်လေတယ်!

ထိုဇွန်ဘီဟာလည်း နှောင့်နှေးမနေဘဲ သူ့သားကောင် သူ့ရှေ့က ပျောက်သွားတာကို မြင်တာနဲ့ ထိုနေရာဆီ တရှိန်ထိုး ပြေးလိုက်လာတော့တယ်။ စုန့်ဖေး တံခါးပိတ်လိုက်ချိန်မှာ ဇွန်ဘီရဲ့ကိုယ်တခြမ်းဟာ တံခါးကြားမှာ ညပ်နေခဲ့တယ်!

ထိုဇွန်ဘီဟာ ညပ်နေတဲ့ တံခါးကြားမှတဆင့် တစ်ကိုယ်လုံး အိမ်သာခန်းထဲ ဝင်နိုင်အောင် တွန်းတိုက်နေလေတယ်။ စုန့်ဖေးက တံခါးကို အသည်းအသန် ပြန်တွန်းထားပြီး ဇွန်ဘီကောင် ဝင်မလာနိုင်စေရန်နှင့် အကိုက်မခံရစေရန် ကြိုးစားပမ်းစား ကာကွယ်နေခဲ့တယ်။ ချွေးသီးချွေးပေါက်တွေဟာလည်း နဖူးကတဆင့် တတောက်တောက် စီးကျနေတော့တယ်။

ရုတ်တရက် ထိုဇွန်ဘီဟာ အသံနက်ကြီးဖြင့် ဟစ်အော်လိုက်ပြီးနောက် စိတ်မရှည်မှုတွေ ပေါက်ကွဲထွက်လာကာ ရုတ်ခြည်း အင်အားကြီးလာခဲ့တယ်! ကြီးထွားလာတဲ့ ခွန်အားကို အသုံးချပြီးနောက် ထိုဇွန်ဘီဟာ တံခါးကို ကျယ်ကျယ်တွန်းဖွင့်နိုင်သွားတော့တယ်!

တံခါးကို တွန်းကန်ထားတဲ့ စုန့်ဖေးဟာ အပြင်းအထန် အတွန်းခံလိုက်ရပြီး သူ့နောက်ကျောဟာ ဘေးဖက်နံရံဆီ ပစ်ဆောင့်ခံလိုက်ရလေတယ်!

ဇွန်ဘီဟာ အထဲကို အင်အားသုံး ဝင်ရောက်လာခဲ့ပြီး အခန်းကျဉ်းလေးထဲမှာ စုန့်ဖေးဟာ ပုန်းစရာနေရာမရှိ ဖြစ်နေတော့တယ်!

သူနံရံဖက်ဆီ ဆွဲကပ်ခံရတော့မှာကိုမြင်တော့ စုန့်ဖေးဟာ လက်ဦးမှုရယူကာ ချက်ချင်းငုတ်တုပ်ထိုင်ချလိုက်တယ်။ ထို့နောက်ဇွန်ဘီရဲ့ ခြေထောက်တွေကို လက်နဲ့အတင်းဖမ်းချုပ်ထားလိုက်ပြီး အောက်ကိုလဲကျအောင် ဆွဲချလိုက်လေတယ်!

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now