Chapter [9.2]

1.1K 294 62
                                    

Zawgyi

ချောင်စစ်ချီကတော့ ဇွန်ဘီရုပ်ရှင်တွေအကြောင်း ကြော်ငြာဝင်နေတုန်းပဲ : "တကယ်တော့ မင်းလည်းကြည့်သင့်တယ် တော်တော်များများ သင်ယူလို့ရတယ် ငါ့ရဲ့မှတ်စုစာအုပ်က အခန်းထဲမှာ ကျန်ခဲ့တာ နာတာပဲ မဟုတ်ရင် ငါမင်းကို အခုချက်ချင်း သင်ခန်းစာတွေ ပေးလို့ရမှာ..."

ဆုန်းဖေးရဲ့ အမူအရာဟာ ကွဲကြေသွားပြီးနောက် ရုတ်တရက် စပ်စုချင်မိသွားတယ် : "ရွံစရာကောင်းတဲ့အပြင် အဲ့လိုရုပ်ရှင်တွေကို ကြည့်ရတာ ဘာများပျော်စရာကောင်းလို့လဲ?"

ချောင်စစ်ချီက ခဏကြာ စဉ်းစားပြီးနောက် အင်မတန် လေးနက်စွာ ပြန်ဖြေလာတယ် : "စစကြည့်တုန်းက ငါလည်းအော်ဂလီဆန်မိတာပါပဲ ဒါပေမယ့် တော်တော်များများ ကြည့်ပြီးသွားတော့ တစ်ရက်မှာ သူတို့တွေက တော်တော်လေး ချစ်စရာကောင်းတယ်လို့ ရုတ်တရက်ကြီး ငါခံစားလိုက်ရတယ်!"

ဆုန်းဖေးရဲ့နားဟာ ချောင်စစ်ချီရဲ့ နောက်ဆုံးစကားကြောင့် ကန်းသွားတော့တယ် : "အော်ဂလီဆန်တာတောင် ဘာလို့အဆုံးထိ တောင့်ခံပြီး ကြည့်နေသေးလဲ!"

ချောင်စစ်ချီက ဆုန်းဖေးကို တိတ်တဆိတ် ကြည့်လာပြီး သက်ပြင်းချလိုက်တယ် : "ကျန်းဟူ*ကလူတစ်ယောက်က သူ့ခန္ဓာကိုယ်ကို သူမပိုင်ဘူး"

(ကျန်းဟူ = သိုင်းလောက)

ဆုန်းဖေးက မျက်မှောင်ကြုတ်လိုက်ပြီး : "အဲဒီ့မှာ တခြားလူတွေကို ရုပ်ရှင်ကြည့်ဖို့ တွန်းအားပေးနေတဲ့ တစ်ယောက်ယောက် ရှိနေလို့လား?"

ချောင်စစ်ချီ : "ဒါပေါ့"

ဆုန်းဖေး : "မင်းဟာက ဘယ်လိုကျန်းဟူမျိုးပါလိမ့်?"

နိုင်ငံခြားဘာသာဌာနမှာ အင်္ဂလိပ်စာမေဂျာကို ယူထားတဲ့ အတန်းဖော်ချောင်ဟာ မျက်လှည့်ပြလိုက်သလိုမျိုး သူ့အင်္ကျီအိတ်ကပ်ထဲကနေ စီးကရက်တစ်လိပ် ထုတ်လိုက်တယ်။ ဒီနေရာမှာ မီးခြစ်မရှိတာကြောင့် ဖင်ဆီခံကိုသာ စုပ်လိုက်ပြီး မမြင်ရတဲ့ ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်တယ်_

"စာတန်းထိုးgroupလေ"

အသေးစိတ်ပြောဆိုမှု အပြီးမှာတော့ ချောင်စစ်ချီနဲ့ သူ့အဖွဲ့ဟာ horrorရုပ်ရှင်ပေါင်းမျိုးစုံကို ကြိုးစားပမ်းစား တရုတ်၊ အင်္ဂလိပ် စာတန်းထိုး၂မျိုးနဲ့ ဘာသာပြန်တင်ဆက်နေမှန်း သိလိုက်ရတယ်။ ဆုန်းဖေးကတော့ သူဟာ ဒီလိုရုပ်ရှင်အမျိုးအစားတွေကို မကြည့်နိုင်တာကြောင့် စိတ်မကောင်းပါဘူးလို့ပဲ ပြောနိုင်တော့မယ်။ မဟုတ်ရင် အတန်းဖော်ချောင်ရဲ့ ဇာတ်ကားတွေစုထည့်ထားတဲ့ hard diskတစ်ခုကြောင့် သူ ၃နှစ်ကနေ ၅နှစ်လောက်အထိ ဒုက္ခရောက်သွားနိုင်တယ်။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now