Chapter [10]

1.1K 295 66
                                    

Zawgyi

စားပွဲဝိုင်းအစည်းအဝေး

မွန်းလွဲပိုင်းမှာတော့ နေမင်းကြီးဟာ အစွမ်းကုန် တောက်ပနေပေမယ့် မနွေးထွေးခဲ့လေဘူး။ အေးစက်စက်မြောက်လေတွေက နေရောင်ခြည်အောက်မှာ တဟူးဟူး တိုက်ခတ်နေခဲ့တယ်။ တစ်ခါတစ်ရံမှာတော့ လေကြောင်းတချို့က ဝရံတာရဲ့ လျှောတံခါးဆီကို လာရောက်နှောင့်ယှက်တတ်ပြီး တကျွီကျွီမြည်သံတွေ ထွက်ပေါ်လာစေခဲ့တယ်။

အခန်းထဲမှာတော့ ချောင်စစ်ချီနဲ့ ချီယန်တို့ရဲ့ အကြည့်တွေအောက်မှာ ဆုန်းဖေးဟာ ဗီရိုကိုဆွဲဖွင့်လိုက်၊ အံဆွဲတွေကို ဆွဲဖွင့်လိုက်နဲ့ အခန်း၄၄၀ရဲ့ ရိက္ခာတွေကို လိုက်လံရှာဖွေ သိမ်းဆည်းနေခဲ့တယ်_ ရှန်ယန်းရဲ့ အသင့်စားခေါက်ဆွဲခြောက်၎ထုပ် + ဝက်အူချောင်း၃ချောင်း + စီချွမ်အရွက်ထုပ်၂ထုပ် (အညိုရောင်မုန်ညင်း) ၊ ရန်ကျဲရဲ့ ဆွစ်ဇာလန်နိုင်ငံထုတ် ချောကလက်ဘူး၁ဘူး + အရှေ့တောင်အာရှကထွက်တဲ့ ပုစွန်မုန့်၅ထုပ် ၊ ဆုန်းဖေးရဲ့ အသင့်စားခေါက်ဆွဲခြောက်၂ထုပ် + ဖရဲစေ့(ကွာစေ့) အထုပ်အကြီးကြီး၁ထုပ်နဲ့ ဝမ်ချင်းယွမ်ရဲ့ ပန်းသီး၃လုံး။

ယောက်ျားလေး အဆောင်ခန်းတွေ အနေနဲ့ကတော့ ဒီလောက်ပမာဏကို နည်းတယ်လို့ ပြောလို့မရဘူး။ ဒါပေမယ့် သူတို့မှာ အဓိကစားစရာအနေနဲ့ ခေါက်ဆွဲခြောက်၆ထုပ်ပဲရှိတယ်။ သူတို့၃ယောက်အတွက် ဘယ်လောက်ခံမှာလဲ?

"မင်းပြောကြည့် ငါတို့မှာဘာလို့ စားစရာတွေကို ကြိုကြိုတင်တင် စုဆောင်းထားတတ်တဲ့ အကျင့်မရှိရတာလဲ?"
ချောင်စစ်ချီဟာ အခုအချိန်လောက် ဘယ်တုန်းကမှ အစားမမက်ဖူးခဲ့ဘူး။ ထို့နောက်သူဟာ တစ်စုံတစ်ခုကို တွေးမိလိုက်တာကြောင့် ရုတ်တရက်ကြီး ပြတင်းပေါက်ကတဆင့် ယောက်ျားလေးဆောင်နဲ့ အတော်လေး ဝေးကွာတဲ့ ကျောင်းသားတွေအနေနဲ့ မှန်းပြီးစိတ်ကူးကြည့်ရုံသာ တတ်နိုင်သည့် မိန်းကလေးဆောင်ဖက်ကို လှမ်းမျှော်ကြည့်ရှုလေတယ် : "ငါကြားဖူးတာတော့ ကျောင်းသူတိုင်းက ဟမ်းစတားလေးတွေလို မုန့်တွေစုဆောင်းတတ်ကြတယ်တဲ့ကွ မိန်းကလေးတချို့ဆို ဈေးဝယ်တောင် ထွက်တတ်ကြပြီး သူတို့အဆောင်ခန်းတွေထဲမှာ တိတ်တိတ်ကလေးခိုးပြီး ချက်ပြုတ်စားတတ်ကြတယ်တဲ့..."

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now