Chapter [21.2]

923 180 30
                                    

Zawgyi

လေထုက တစ်နည်းနည်းနဲ့ သက်တောင့်သက်သာ ရှိလာပြီး တစ်နေ့လည်လုံး မထုံတက်တေး အမူအရာနဲ့သာ ဆက်ဆံခံခဲ့ရတာကြောင့် ချီယန်ဟာ သန့်စင်ခန်းထဲက အဖြစ်အပျက်အကြောင်း ဆွေးနွေးကြစဉ်ကအတိုင်း အလေးအနက် စကားပြောချင်ခဲ့တယ်။ သို့သော်လည်း...

စိတ်ပင်ပန်းနေခဲ့တဲ့ ချောင်မျိုးရိုးနဲ့ အတန်းဖော်ကျောင်းသားဟာ သူ့အတန်းဖော်တွေ ဖြစ်ကြတဲ့ စုန့်မျိုးရိုးနဲ့ ချီမျိုးရိုးတို့ကြားက ထူးဆန်းနေတဲ့ လေထုကို သတိထားမိသွားပြီး သူဟာ မသိမသာ မျက်စောင်းတစ်ချို့ လက်ခံရရှိနေမှန်း သိလိုက်ရချိန်မှာတော့ ဉာဏ်အမျှော်အမျှင်ရှိစွာနဲ့ ချက်ချင်းထရပ်လိုက်ပြီး အမြန်လစ်ပြေးတော့တယ် : "ရုတ်တရက် ငါမအိပ်ချင်တော့ဘူး ကျိုးယီလုရဲ့လှံရှည် ဘယ်လိုအခြေအနေရှိလဲ သွားကြည့်လိုက်ဦးမယ်_"

ချောင်စစ်ချီတစ်ယောက် တံမြက်စည်းတွေ ကြမ်းတိုက်တံတွေထားတဲ့ စင်တန်းတွေကြား ဝင်ရောက်ပျောက်ကွယ်သွားကာမှ ချီယန်က စုန့်ဖေးအနားတိုးကာ ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း နူးနူးညံ့ညံ့လေး ပြောလိုက်တယ် : "စိတ်မဆိုးတော့ဘူးမလား?"

စုန့်ဖေးက မသိမသာ ရှောင်ဖို့ကြိုးစားပေမယ့် မအောင်မြင်လိုက်ဘူး။ တမင်တကာ ရှောင်နေမှန်း မသိသာစေချင်တာကြောင့် ငြိမ်နေလိုက်တော့တယ် : "စိတ်မဆိုးပါဘူး"

စုန့်ဖေးရဲ့လေသံက အရမ်းကို ပုံမှန်ဖြစ်ပေမယ့် ခေါင်းကိုတော့ ငုံ့ထားဆဲပဲ။ ချီယန့်စိတ်ထဲမှာ စနိုးစနောင့်တော့ ဖြစ်မိပေမယ့် အတတ်နိုင်ဆုံး မပေါ်လွင်အောင် လေသံကိုထိန်းပြီး ပြောလိုက်တယ် : "စိတ်မဆိုးဘူးဆိုရင်လည်း ဘာလို့တစ်နေ့လည်လုံး ခေါင်းကိုဘောင်းဘီခွကြားထဲဝင်တော့မတတ် ငုံ့ကြည့်နေရတာလဲကွာ"

စုန့်ဖေးက စိတ်တိုသွားတယ် : "မင်း ငါ့ရဲ့ဗန်းစကားတွေကို အလွဲသုံးစားမလုပ်လို့ မရဘူးလား?"

ချီယန်က ပုခုံးတွန့်ပြလိုက်ပြီး ဖြူစင်ရိုးသားတဲ့ မျက်နှာအမူအရာလေးနဲ့ : "ဘယ်တတ်နိုင်ပါ့မလဲ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးပေါ့"

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now