မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (1)

35.9K 1.3K 77
                                    

ပင်လယ်ပြင်ကိုဖြတ်သန်း၍ တိုက်ခတ်လာသည့် လေနုအေးများသည် ပီတာထွန်းညွှန့်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားလေသည် ။ လူအများပြောပြောနေသည့် ပင်လယ်၏ရနံ့ဆိုသည်ကို မျက်လုံးစုံမှိတ်၍ ပြည့်ပြည့်ဝဝ ခံစားနေလိုက်သည် ။

ပိတ်ထားသောမျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည့်အခါ ပြည်စုံလှပသော လောကနိဗ္ဗာန်တစ်ခုကို မျက်ဝါးထင်ထင် တွေ့ရပြန်သည် ။ လှလိုက်သည့် ပင်လယ်ပြာပြာ ။ အလှပေါ်အလှဆင့်နေသည့် မြင်ကွင်းကလည်း ပီတာထွန်းညွှန့်၏ မျက်လုံးရှေ့ဝယ် ထင်ထင်ရှားရှား အသက်ဝင်နေသည် ။

ထိုအလှတရားလေးမှာ ရေကူးကန်ထဲဝယ် ရေစိမ်နေသော မိန်းမလှလေးတစ်ယောက်ဖြစ်၏ ။ ထိုအလှလေးသည် ပီတာထွန်းညွှန့်ကို ညှို့ငင်ယူသော အကြည့်များဖြင့်ကြည့်လိုက်ပြီး ရေကူးကန်ထဲကနေ ပီတာထွန်းညွှန့် လဲလျောင်းနေသည့် သစ်သားခုံဖြူ ဆီသို့ လှပနွဲ့နှောင်းစွာလျှောက်လှမ်းလာ၏ ။ ရေစိုနေသော ရွှေရောင်ဆံပင် ၊ ရေကူးဝတ်စုံဝတ်ထားသဖြင့် အထင်းသားပေါ်လွင်နေသည့် ခန္ဓာကောက်ကြောင်းနှင့် ဖြူ အိနေသည့် အသားအရေက ပီတာထွန်းညွှန့်၏ အကြည့်အာရုံများကို သံလိုက်တစ်ခုလို ဆွဲဆောင်ထားသေးသည် ။ ထိုမိန်းကလေးသည် ပီတာထွန်းညွှန့်အနားသို့ ရောက်သည်နှင့် ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်သည် ။ ထိုမိန်းကလေး၏ လက်အစုံသည် ပီတာထွန်းညွှန့်၏ အင်္ကျီအောက်ကိုဝင်လာ၍ ရင်ဘတ်အနှံ့ ပွတ်သပ်ကျီစယ်လေသည် ။ ထိုမိန်းကလေး၏ ဆံနွယ်များမှကျရောက်လာသော ရေစက်များသည် ပီတာထွန်းညွှန့်၏ မျက်နှာပြင်ပေါ်ကို တစ်စက်ချင်း ၊ တစ်စက်ချင်း ကျရောက်နေလေသည် ။ ကျရောက်လာသော ရေစက်များသည် တဖြည်းဖြည်း များများလာသည် ။

ထိုမိန်းကလေးသည် ပီတာထွန်းညွှန့်ကို ချိုသာစွာဖြင့် ကိုကို သို့မဟုတ် မောင်ဟုခေါ်ရမည့်အစား ဟေ့ကောင်ဟုသာ ခေါ်လေသည် ။ ၎င်းခေါ်သံသည်လည်း ယောက်ျားတစ်ယောက်၏ အသံလိုပင် ။

ဘာကြီးလဲ ။ ဘာကြီးလဲ ။ ဒါကဘယ်လိုအခြေအနေမျိုးလဲ ။

ထိုစဉ်တွင် ပီတာထွန်းညွှန့်၏ခန္ဓာကိုယ်သည် သစ်သားခုံပေါ်မှ ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲပြုတ်ကျသွား၏ ။ အလှလေး တော်တော်လွန်ပြီ ။ ဒေါသထွက်စိတ်နှင့်အတူ အလှလေးကို ပြူးတူးပြဲတဲကြည့်လိုက်စဉ်တွင် လှပသောမျက်နှာအစား စုတ်ချွန်းချွန်းမျက်နှာကိုသာ မြင်လိုက်ရသည် ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now