မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (24)

5.1K 677 112
                                    


MDတံဆိပ်မတ်တတ်ပန်ကာမှထွက်ပေါ်လာသည့်
လေတိုးသံမှာ အခန်းလေးထဲပျံ့နှံ့နေ၏ ။

ပီတာထွန်းညွှန့် ၊ မျိုးဝင်း ၊ ကောင်းကျော်သည် ကြမ်းပြင်ပေါ်တွင် သက်သောင့်သက်သာအနေအထားမျိုးနှင့်ထိုင်နေကြသည် ။ သူတို့သုံးယောက်၏အလယ်တွင် အာလူးကြော်ဘူးကြီးနှင့်
ရေသန့်ဘူးတစ်ဘူး ၊ အချိုရည်သုံးဘူးလည်းရှိနေ၏ ။ ပီတာထွန်းညွှန့် အာလူးကြော်တစ်ချပ်ကိုယူစားလိုက်ပြီး ဘေးနားရှိ သူငယ်ချင်းနှစ်ယောက်ကို ဖြတ်ခနဲကြည့်လိုက်၍မရယ်မိစေရန် နှုတ်ခမ်းကိုက်လိုက်ရသည် ။ သူတို့ကိုရယ်ချင်သည်မဟုတ် ။ ရွှေရိုးနောင်အကြောင်းခေါင်းထဲပေါ်လာ၍ ယခုလိုမျိုး ရယ်ချင်စိတ်ပေါ်လာခြင်းဖြစ်၏ ။ ချောင်းဟန့်သံနှင့်အတူ ခပ်မြူးမြူးအသံသည် ပီတာထွန်းညွှန့်ထံမှ ထွက်ပေါ်လာသည် ။

" မင်းတို့နှစ်ယောက်ကို ရွှေရိုးနောင်ရဲ့ရှက်နေတဲ့မျက်နှာလေးကို မြင်စေချင်တယ်ကွာ ၊ နှုတ်ခမ်းလေးတွေတောင် တုန်နေတာ  "

ထိုပုံရိပ်လေးသည် ပီတာထွန်းညွှန့်၏အာရုံထဲကို အရိပ်ပြန်ထင်လာသောအခါ  ကောင်လေးအသစ်စက်စက်ကို ယခုပင်ပြေးတွေ့ချင်လာသလိုပေ ။ ရွှေရိုးနောင်အကြောင်းပြောလိုက်ရသည်နှင့်
ပီတာထွန်းညွှန့် မျက်နှာပိုးသတ်မရတော့ ။

ကောင်းကျော်ကတော့ ပီတာထွန်းညွှန့်ပြန်ပြောပြသည့် အကြောင်းအရာများကို စိတ်ဝင်တစားနားထောင်နေသော်လည်း မျိုးဝင်းကတော့ သူ့ဘေးရှိ လူလည်ပတ်ကားကောင်ကို ဆောင့်ကန်ပစ်ချင်သည် ။ ကြိုက်တော့သူကကြိုက်ပြီး ရွှေရိုးနောင်ကို
ချောင်ပိတ်၍ ကြိုက်နေလားဟုမေးသတဲ့ ။ ရွှေရိုးနောင်ကလန့်ပြီးခေါင်းညိတ်မှာပေါ့ ။ ဟိုနေ့က ရွှေရိုးနောင်နှင့်ပတ်သက်ပြီး သေသေချာချာမမေးခဲ့ရ ။ ယနေ့တော့ သေချာစွာမေးမြန်းရမည် ။

" ပီတာ "

မျိုးဝင်း၏ခေါ်သံနှင့်အတူ " အင်း "ဟု ဖြေသံသည် ပီတာထွန်းညွှန့်ထံမှ ထွက်ပေါ်လာသည် ။

" မင်းက ရွှေရိုးနောင်ကို အတည်လား "

" မင်း ဘာမေးချင်တာလဲ မျိုးဝင်း "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now