မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode ( 30)

4.9K 614 53
                                    


" မင်း တကယ်ကြီးအလုပ်လုပ်တော့မှာပေါ့ "

အသံတွင်လည်းအံ့သြဟန်အပြည့်ဖြစ်နေသလို မျက်လုံးများကလည်း မသင်္ကာပုံ ။

ပီတာထွန်းညွှန့် နဖူးပေါ်ကျနေသည့်ဆံပင်များကိုဟန်ပါပါသပ်တင်လိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည် ။ ပြီးမှ လက်ဖက်ရည်ခွက်ကိုကိုင်၍ အနည်းငယ်မော့သောက်လိုက်၏ ။

" သြော်...သောက်ချိုးပြောင်းတာမြန်လိုက်တာ ၊ ရည်းစားရတာတစ်လတောင်မပြည့်သေးဘူး ၊ ငပျင်းကောင်က အလုပ်တောင်လုပ်တော့မတဲ့ "

ထိုစကားကိုတော့ မျိုးဝင်းသည် အသံတိုးတိုးဖြင့်ပြောခြင်းဖြစ်သည် ။ သူ့ကိုငပျင်းဟုပြောလိုက်သဖြင့် ပီတာထွန်းညွှန့်၏မျက်နှာမည်းသွားပုံမှာ ဒယ်အိုးဖင်နှင့် နင်လားငါလား ။

ငပျင်းတဲ့ ။ သူ့ကိုငပျင်းတဲ့ ။ အမှန်တရားဖြစ်ပေမဲ့ အခုလိုမျိုး တေ့တေ့ဆိုင်ဆိုင်အပြောခံရတော့ စိတ်တိုလိုက်တာ ။ အတူတူနဲ့အနူနူကို သူကပဲပြောရတယ်ရှိသေး ။

စားပွဲမျက်နှာပြင်ကိုကျော်၍ထွက်နေသည့် ခပ်ရှည်ရှည်ဒူးနှစ်ဖက်မှ သူလက်လှမ်းမီရာညာဘက်ဒူးကို ရေနွေးကြမ်းပန်းကန်လုံးအသေး၏ဖင်ဘက်နှင့် တစ်ချက်ခေါက်လိုက်တော့ နှာခေါင်းက ပွရှုံ့ပွရှုံ့ဖြစ်လာသည့် မျိုးဝင်း ။ မျက်လုံးများကလည်း ယခုပင် ပီတာထွန်းညွှန့်ကို တစ်ခုခုပြန်လုပ်တော့မည့်ပုံ ။ ပီတာထွန်းညွှန့်ကလည်းလည်သည် ။ ဘေးချင်းယှဉ်ထိုင်နေရာမှ ချက်ချင်းပင်မျက်နှာချင်းဆိုင်ခုံကို ပြောင်းရွှေ့သွားသဖြင့် မျိုးဝင်းခမျာ အံတကြိတ်ကြိတ်နှင့် ။

" မင်းအမေရော အခုဘယ်လိုရှိလဲ "

ထိုခပ်အေးအေးအသံသည် ကောင်းကျော်ထံမှ ထွက်လာခြင်းဖြစ်သည် ။

မျိုးဝင်းကို ရှုတည်တည်ကြည့်နေသော ပီတာထွန်းညွှန့်၏အကြည့်များသည် ကောင်းကျော်ထံသို့ရောက်ရှိသွား၏ ။

" နည်းနည်းတော့မျက်နှာမကောင်းဘူးပေါ့ ၊ မကြီးကတော့ပြောတာပဲကွာ ... တစ်ပတ်လောက်ဆိုရင် နေသားကျသွားလိမ့်မယ်တဲ့ ၊ တော်သေးတာက ငါအလုပ်သွားလဲ အိမ်မှာကငါ့တူမလေးရှိနေတယ်လေ ၊ အဲဒီတော့ စိတ်မကောင်းဖြစ်တာ နည်းနည်းသက်သာမှာပေါ့ "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now