မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (14)

5.3K 692 93
                                    


ဆိုင်ရှင် မသွဲ့ကသာ " သား "ဆိုပြီး လာမနှုတ်ဆက်လျှင် ဘယ်အချိန်ထိများ ထိုလူကိုဖက်ထားမိဦးမည် မသိတော့ ။ ဘေးကိုကြည့်မိတော့ ဝန်ထမ်းများနှင့် ဈေးဝယ်သည့်မိန်းကလေးများ၏ ဗို့အားတစ်ထောင်အကြည့်များသည် သူတို့နှစ်ယောက်ဆီတွင် ကျောက်ချလျက် ။

ဘာကြည့်စရာရှိလို့ အားကြိုးမာန်တက်ကြည့်နေကြလဲ မသိဘူး ။ နေရတာကို နောက်ကျောမလုံဘဲ ကျောတအေးအေးနဲ့ ။

ရွှေရိုးနောင်၏ဘေးရှိ ကောင်လေးကလည်း ပီတာထွန်းညွှန့်ကို မျက်လုံးအဝိုင်းသားနှင့် ကြည့်နေသည် ။ မျက်မှောင်လည်းကုတ်နေသေး၏ ။ " ကိုကြီး "ဆိုပြီး ခေါ်သံကိုလည်း ကြားလိုက်ရသည် ။ ညီအစ်ကိုတွေပေါ့ ။ ထိုကလေးသည် ပီတာထွန်းညွှန့်ဆီမှ အကြည့်မရွေ့ဘဲနှင့် ရွှေရိုးနောင်၏လက်ကိုဆွဲလိုက်ကာ သူ့နောက်သို့ ပို့လိုက်သည် ။

အံ့သြပါ့ ။ မသိရင် သူ့အစ်ကိုကိုပဲ ပီတာထွန်းညွှန့်က တမင်ဖက်လိုက်သလိုနဲ့ ။ အချေခံလိုက်ရတာ ။ အချေခံလိုက်ရတာ ။

ပီတာထွန်းညွှန့် သဘောကျမိသည့် အလှလေးကတော့ သူတ်ို့နှစ်ယောက်ကိုကြည့်ပြီး တပြုံးပြုံးနှင့် ။ စိတ်ရှုပ်လာသည် ။ ဝယ်မည့်ပစ္စည်းများကိုလည်း မမှတ်မိတော့ ။ မသွဲ့ကို နောက်မှထပ်လာမည်ဖြစ်ကြောင်း နှုတ်ဆက်၍ အိမ်ကိုသာ ဦးတည်မိသည် ။ ကျနေပြင်းပြင်းကြောင့် တစ်ကိုယ်လုံး ပူလောင်လာ၏ ။ ထီးဖွင့်ဆောင်းရန်ကြံ၍ ထီးကိုကြည့်မိတော့ လက်ထဲတွင် ထီးကမရှိ ။ ဆိုင်တွင် မေ့ထားခဲ့ပြီ ။

အဆင်မပြေတာတွေချည်းပဲ ။ ဘာမှကို အဆင်မပြေဘူး ။

ဒေါသထွက်ထွက်နှင့် လမ်းရှိခဲလုံးအသေးတစ်လုံးကို ကန်မိတော့ ထိုခဲလုံး၏ ဦးတည်ရာသည် ခွေးကြီးတစ်ကောင်ဆီသို့ ။ ကုပ်ကျားထက်ပင် အကောင်ပိုကြီးသေး၏ ။ ကြည့်သည့်အကြည့်ကြီးကလည်း ကြောက်စရာ ။ ပြေးပေါက်ကို အရင်ရှာရ၏ ။ သွားပြီဟု စိတ်ထဲမှ ရေရွတ်မိလိုက်သည် ။ ကြောက်သည့်စိတ်ကြောင့် ဒူးများပင်တုန်လာသလို မျက်နှာကလည်း သွေးမရှိသကဲ့သို့ ဖြူရော်လျက် ။ ခွေးကိုက်ခံရလျှင် ဆေးအများကြီး ထိုးရဦးမည် ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now