မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (54)

4K 464 37
                                    


ပီတာထွန်းညွှန့်ဆီမှ ထွက်လာသည့် အသံကျယ်ကျယ် ။

" သေချာခူးလေ "

" ခူးနေတာ မမြင်ဘူးလား ၊ နှစ်လုံးနဲ့ ကန်းပြန်ပြီ "

" ငါ့ဘာသာ နှစ်လုံးမကလို့ ခြောက်လုံးဖြစ်ဖြစ် မင်းနဲ့ဆိုင်လား ၊ သူ မနှစ်လုံးရတိုင်း လာပြီး မနာလိုဖြစ်နေတယ်  "

" ဆိုင်လို့ပြောနေတာလေ ၊ မဆိုင်ရင်ပြောမလား ပီပီရဲ့ "

" မင်းကို အဲဒီနာမည်မခေါ်နဲ့လို့ ငါ ပြောထားတယ်နော်...မျိုးဝင်း "

" ခေါ်လို့ဘာဖြစ်လဲကွာ ၊ ခေါ်တယ်ကွာ ၊ ပီပီ...ပီပီ ၊ ဆံပင်ကောက်တဲ့ ပီပီ ၊ စိတ်လေးပုပ်တဲ့ ပီပီ ၊ ပိုးဟပ်ဖြူလေး ပီပီ "

" မင်း...မင်း...တောက်...ငါကွာ "

နီရဲသွားသည့် မျက်နှာ ။ တရှုးရှုး ၊ တရှားရှားဖြစ်သွားသည်က အစာရေစာခန်းခြောက်နေသည့် နွားကြီးကဲ့သို့ ။ နှာခေါင်းကလည်း ရှုံ့လိုက် ၊ ပွလိုက်ဖြစ်နေပြီး  နှာမှုတ်နေသည့် နွားကဲ့သို့ပင် ။

" ဘာလုပ်ချင်လို့လဲ... လာစမ်းပါ...ပီပီရဲ့ "

လက်ထဲတွင်ကိုင်ထားဆဲဖြစ်သည့် ဝါးလုံးကျို အောက်သို့ချလိုက်ပြီး မျက်ခုံးကိုဟန်ပါပါတွန့်လိုက်သည့် မျိုးဝင်း ။

" ကဲကွာ...မင်းတို့နှစ်ယောက်မရှက်ကြဘူးလား ၊ ကလေးတွေလဲမဟုတ်တော့ဘဲနဲ့ တွေ့လိုက်တိုင်း ရန်ဖြစ်နေတာ မရှက်ကြဘူးလား "

" မရှက်ပါဘူး "

ထိုအငြင်းစကားသည် မျိုးဝင်းနှင့်ပီတာထွန်းညွှန့်ထံမှ သံပြိုင်ထွက်လာခြင်းဖြစ်ပြီး ကောင်းကျော်ကတော့ ထိုနှစ်ယောက်ကိုကြည့်ပြီး ခေါင်းတခါခါ ။ နှစ်ဆယ့်ခြောက်နှစ်ဆိုသည့်အသက်များက မငယ်တော့ပေ ။ သို့သော်လည်း ထိုနှစ်ယောက်ကတော့ ယခုအချိန်ထိ တွေ့လိုက်လျှင် မာန်တဖီဖီ ။ မချစ်ကြသည်လည်း မဟုတ်ကြဘဲ ရန်ဖြစ်ရသည်ကိုပင် ခုံမင်နေကြသည့်ပုံ ။

" မင်းတို့နှစ်ယောက်မရှက်ပေမဲ့ ငါတော့ ရှက်တယ် ၊ မင်းတို့ဆက်ပြီးရန်ဖြစ်နေကြမယ်ဆိုရင် ငါကတော့ သရက်သီးဆက်မခူးပေးတော့ဘူး ၊ အိမ်ပြန်ပြီးပဲနေတော့မယ် "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now