မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode ( 17)

4.8K 681 108
                                    


" ပီတာ ထလေကွာ ၊ လက်ဖက်ရည်ဆိုင်သွားရအောင် ၊ ပေတေပြီး အိပ်မနေနဲ့ကွာ ၊ ငါတို့က အလုပ်လဲ သွားရအုံးမှာ "

မျိုးဝင်းနှင့်ကောင်းကျော် ပီတာထွန်းညွှန့်ကို နှိုးနေသည်မှာ ငါးမိနစ်ခန့်ရှိပြီ ။ သင်းက နိုးမလာဘဲ
အိပ်ချင်ဟန်ဆောင်နေသည် ။ ငယ်ငယ်တည်းက
ပေါင်းလာသူများဆိုတော့ သင်းအကြောင်းကို အူမချေးခါးအကုန်သိ၏ ။ ခြေမလေးက တလှုပ်လှုပ်နှင့် ။ ပီတာထွန်းညွှန့် အိပ်ရာမှနှိုးပြီဆိုလျှင် ထိုကဲ့သို့ခြေမတစ်ချောင်းကိုသာ မကြာမကြာလှုပ်တတ်သည့်အကျင့်ရှိ၏ ။

မျိုးဝင်း အမြင်ကတ်ကတ်နှင့် ထိုခြေမကိုချိုးချလိုက်တော့ စောင်အောက်ကိုချက်ချင်းသွင်းပစ်လိုက်သည် ။ ဘာသံမှတော့ထွက်မလာ ။ ယခင်အခြေအနေဆိုလျှင် ဝုန်းဒိုင်းလုပ်မည့်ကောင်က ယခုလိုမျိုးငြိမ်သက်နေသည်မှာ သံသယဖြစ်စရာ ။ အသည်းကွဲပြန်ပြီလားမသိ ။ သူသဘောကျသည့် မိန်းကလေးများရည်းစားရလျှင်ပင် ထိုမျှလောက်တော့ ပုံမပျက် ။

မျက်နှာထိလုံအောင်ခြုံထားသည့် ချည်စောင်ပါးကို ဆွဲချတော့ အထဲမှနေ၍ ပြန်ဆွဲထားသည် ။ မနေ့ကလည်း လက်ဖက်ရည်ဆိုင်ခေါ်၍မရ ။ ကိုမော်ကြီးကို တိုးတိုးတိတ်တိတ်မေးကြည့်တော့လည်း သူနှင့်ဘာမှဖြစ်မထားဟု ဆိုသည် ။ နှစ်ရက်ရှိနေပြီ ။ ဘာဖြစ်နေမှန်းကိုမသိတော့ ။

ဘာကိုကောက်၍ကောက်နေမှန်းလည်း မပြောတတ်တော့ ။ ထိုကောက်တတ်သည့်အကျင့်က ပီတာထွန်းညွှန့်၏ မူပိုင်လက္ခဏာ ။ ကောက်သည် ၊ ဖြောင့်သည် ။ စိတ်မကြည်လျှင် ပြန်ကောက်တတ်မြဲ ။

" မင်းမလိုက်ဘူးဆိုရင်တော့ ငါတို့လဲမသွားတော့ဘူး ပီတာ ၊ တစ်ခုခုစားချင်တာရှိရင် ငါ့ကိုဖြစ်ဖြစ်...မျိုးဝင်းကိုဖြစ်ဖြစ် ညနေကျဖုန်းဆက်လိုက် ၊ ငါတို့အလုပ်နားမှာ မုန့်ဆိုင်တွေတော်တော်များတယ် ၊ မင်းအိပ်ချင်ရင်လဲ ဆက်အိပ်နေတော့ ၊ ငါတို့သွားပြီနော် "

လမ်းလျှောက်သံ ၊ တံခါးဖွင့်သံများ ထွက်ပေါ်လာပြီးနောက် အခန်းတွင်းအနည်းငယ်မျှ ပြန်လည်တိတ်ဆိတ်သွားသည် ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now