မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (16)

5.1K 678 79
                                    


ခြံထဲဝင်လာသည့် အဖြူရောင်ကားတစ်စီး ။ ရွှေရိုးနောင် လက်ထဲရှိရေပုံးကို မြေပြင်ပေါ်ချလိုက်ကာထ်ိုကားရပ်လိုက်သည့် နေရာသို့ ခပ်မြန်မြန်ပင်လျှောက်သွားလိုက်သည် ။

" ဟာ... ပိုး... "

ကားပေါ်ရှိ မိန်းကလေးသည် ရယ်ပြုံးပြုံးမျက်နှာနှင့် တပ်ထားသည့် နေကာမျက်မှန်ကိုချွတ်၍ ဟန်ပါပါပင် အကျီရင်ဘတ်၌ ချိတ်ဆွဲလ်ိုက်သည် ။

" ဘာလဲဟ ၊ အလန့်တကြားနဲ့ ၊ မမြင်ဖူးတဲ့သူတွေကျနေတာပဲ "

" နင်က မပြောမဆိုနဲ့ ရောက်တာလေ "

" မပြောချင်လို့လေ ၊ ဘာလဲ ငါက မပြောဘဲလာလို့မရဘူးလား ၊ ဖယ်အုံးလေဟာ ၊ နင် ကားနားကပ်ရပ်နေတော့ ငါ တံခါးဘယ်လိုဖွင့်မလဲ "

ရွှေရိုးနောင် ကားနားမှ အနည်းငယ်နောက်ဆုတ်လိုက်သည် ။

မြတ်ပိုးဝါ ဘေးခုံတွင်တင်ထားသည့် အိတ်ထုပ်များကိုလှမ်းယူ ၊ တံခါးဖွင့်ပြီး ထိုအိတ်ထုပ်များကို
ရွှေရိုးနောင်ဆီသို့ ကမ်းပေးလိုက်သည် ။

" ဘာတွေလဲဟ "

" ဟင်းတွေလေ ၊ အန်တီနဲ့ ကလေးနှစ်ယောက်ကြိုက်တဲ့ ဟင်းတွေဝယ်လာတာ "

" ပိုးရေ အားနာစရာဟာ ၊ ဘာဖြစ်လို့ အများကြီး ဝယ်လာရတာလဲ "

" ဝယ်ချင်လို့ဝယ်လာတာလေ ၊ နင် မစားချင်ရင် မစားနဲ့ "

" ဝယ်လာမှတော့ စားမှာပေါ့ဟ ၊ နင်ကလဲ ငါ့တွေ့တာနဲ့ ပြောမယ်ဆိုတာပဲ "

ကားပေါ်မှဆင်းလာသည့် မြတ်ပိုးဝါ၏အကြည့်များသည် ဘူးပင်ဆီသို့ရောက်သွား၏ ။ အညိုရောင်သန်းနေသော မျက်ခုံးအစုံသည် အပေါ်သို့ မြှင့်တက်သွားပြီး မျက်လုံးများကလည်း ဝိုင်းစက်သွားသည် ။ ထို့နောက် ဘူးပင်ရှိရာသို့ လွှားကနဲ လွှားကနဲ လျှောက်သွားလေရာ နောက်နားဆီမှ ရွှေရိုးနောင်၏အသံသည် အောင်အောင်မြင်မြင် ထွက်ပေါ်လာ၏ ။

" ပိုးရေ နင် ချော်လဲပါအုံးမယ်ဟာ ၊ ဖြည်းဖြည်းသက်သာ သွားစမ်းပါ ၊ နင့် ဘူးပင် ဘယ်ကိုမှ ထွက်မပြေးဘူးဟ "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now