မေတ္တာစုံညီ ချစ်ခြင်းဝေသီ Final Episode (61)

11K 574 217
                                    


ညာဘက်လက်မောင်းရင်းမှ နာကျင်မှုသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏ ။ ခေါင်းထဲတွင်လည်း  အတွေးမျိုးစုံဖြင့် ရှုပ်ထွေးလျက် ။ သူနှင့် ရွှေရိုးနောင် ဗိုလ်ကျားသေနတ်လုပ်နေသည်မှာ အကြိမ်ရေ မနည်းတော့ ။ သို့သော်လည်း အကြိမ်တိုင်းတွင် သူသာ ရှုံး၏ ။ တစ်ကြိမ်မဟုတ် ၊ နှစ်ကြိမ်မဟုတ်ဘဲ ကစားသည့်အကြိမ်တိုင်း၌ သူသာ ဝက်ဝက်ကွဲ အရေးနိမ့်သည် ။ နိုင်ချင်ပါသည်ဆိုမှ ရှုံးနိမ့်သောအခါ သူ  ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်လာခဲ့၏ ။ ကံတရားက သူ့ကို အောက်ကနေသာ ဘာခိုင်းသည့်ပုံ ။ သူကလည်း အပေါ်ကနေသာ ဘာချင်သူ ။ အပေါ်စီးမှနေ၍ ရွှေရိုးနောင်ကို ကြည့်လိုက်မည်ဆိုပြီး သူ စိတ်ကူးယဉ်ခဲ့ဖူးသည် ။ ခပ်မိုက်မိုက်အနေအထားဖြင့် အပေါ်ကနေပြီး ဘာပါမည်ဆိုမှ  ကံတရားက သူ့ကို မျက်နှာသာ မပေးချေ ။

စိတ်ပျက်လက်ပျက် မွေ့ရာပေါ် ပစ်လှဲချလိုက်သဖြင့် ဝုန်းခနဲမြည်သံ ထွက်ပေါ်လာသည့်အခါ ရွှေရိုးနောင်က တုန်လှုပ်စွာဖြင့်အခန်းတံခါးကို လှမ်းကြည့်သည် ။

သင်းကများ ၊ သင်းက အဖေတို့အမေတို့ ကြားသွားမှာကို ကြောက်နေတာ ။ ဘာမှလဲ မပြောချင်တော့ဘူး ၊ တကယ်ကို ဘာစကားမှ မပြောချင်တော့ဘူး ။

မွေ့ရာပေါ်ပက်လက်လှဲနေသည့် တာ့မျက်နှာပေါ်တွင် စိတ်ညစ်နေဟန်က အထင်းသား ။ တာက အံကြိတ်နေသလို လက်သီးနှစ်ဖက်လုံးကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး မွေ့ရာကို ထိုးနေသေးသည် ။ ထိုသို့ မကျေမနပ်ဖြစ်နေသည့် တာ့ပုံစံက သူ့ရင်ကို နာကျင်ပင်ပန်းစေ၏ ။

တာ့ခမျာ တစ်နေ့လုံးလဲ ပင်ပန်း ၊ အခုကျတော့လဲ စိတ်ညစ်ရနဲ့ ။ အချိန်ကလဲ နောက်ကျနေပြီဆိုတော့
အိပ်မှ ကောင်းတော့မှာ ။

ထိုအတွေးနှင့် သူ မီးခလုတ်ရှိရာသို့ လျှောက်သွားလိုက်သည့်အချိန် နောက်ဘက်ဆီမှ ထွက်ပေါ်လာသည့် တာ့အသံ အေးစက်စက် ။

" အဲဒါ ဘာလုပ်ဖို့လဲ "

" မီးပိတ်ဖို့လေ တာ ၊ ကျွန်တော်တို့ အိပ်ကြရအောင် လေ "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now