မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (51)

4K 481 89
                                    


လေပြည်သည် ပိတောက်ပန်းရနံ့ကို သယ်ဆောင်ပေး၏ ။

မိုးစက်များ၏အငွေ့အသက်နှင့်အတူ မြေသင်းနံ့များကလည်း လှပစွာပေါင်းစပ်လေသည် ။

ကြမ်းပြင်ပေါ် တင်ပျဉ်ခွေပြီးထိုင်နေသည့် မျိုးဝင်း၏မျက်နှာက ယခုပင်ငိုချတော့မည့်ဟန် ။ မွေ့ရာပေါ်ထိုင်နေသည့်ပီတာနှင့် ကြမ်းပြင်ပေါ် စိတ်ပျက်လက်ပျက်ထိုင်နေသည့်မျိုးဝင်းကိုကြည့်၍ ကောင်းကျော် သက်ပြင်းရှည်ကြီးချလိုက်မိသည် ။

" ကူညီနိုင်ရင် ကူညီလိုက်စမ်းပါကွာ "

ပီတာထွန်းညွှန့်၏အကြည့်က မျိုးဝင်းဆီမှ ကောင်းကျော်ဆီသို့ ။ ကောင်းကျော်၏မျက်နှာကလည်း မျိုးဝင်းနှင့်သိပ်မကွာပေ ။ သူ့မျက်နှာကို မျှော်လင့်ခြင်းများစွာဖြင့် ကြည့်နေကြသည့် သူငယ်ချင်းနှစ်ယောက် ။ ထိုနှစ်ယောက်က သူ့ဆီမှ ကတိစကားကိုမရလျှင် သည်နေ့ သူ့အခန်းမှပြန်မည့်ပုံ မရှိကြချေ ။ စိတ်ရှုပ်စွာဖြင့် ဆံပင်များထဲလက်ထည့်၍ ပယ်ပယ်နယ်နယ်ကုတ်လိုက်မိ၏ ။

" ပြောလို့သာလွယ်တာကွ ၊ ငါက ဘယ်လိုကြီးသွားပြောရမှာလဲ..."

သူ့စကားအဆုံး မျိုးဝင်းက နဂိုထိုင်နေသည့်နေရာမှ ဖင်တရွတ်တိုက်ရွေ့လာ၏ ။ ခန်ဓာကျိုယျကသာ လှုပ်ရှားနေသော်လည်း မျက်လုံးများကတော့ သူ့ဆီတွင်သာ ကျောက်ချလျက် ။ မျက်စိအောက်က အပျောက်မခံနိုင်သလိုမျိုး တယုတယ ။ ချောင်းတစ်ချက်ဟန့်ပြီးမှ ညှောင်နာနာထွက်လာသည့် မျိုးဝင်း၏အသံ ။

" ငါ့ကောင်းကြောင်းလေးတွေ ပြောပေးပေါ့ကွာ ၊ ငါ ဘယ်လောက်လိမ္မာကြောင်း...မိန်းမကိစ္စအရှုပ်အရှင်းကင်းကြောင်း...အရက်မသောက်တတ်ကြောင်း... ကောင်းတဲ့အချက်တွေအကုန်ရွေးပြောလိုက်ကွာ... နော်... "

ပြောသည့်အသံကိုက နဂိုအသံနှင့် လားလားမှမတူတော့ပေ ။ ချိုပျစ်နေသည်က သကြားနှင့်ပျားရည်ရောထားသကဲ့သို့ ။

" ကဲ...ငါက မင်းကောင်းကြောင်းတွေရွေးပြောပါပြီတဲ့...အဲဒီလ်ိုပြောပေးတာနဲ့ မင်းအချစ်ရေးက အဆင်ပြေသွားမှာလား "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now