မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (46)

3.8K 474 37
                                    


ချစ်ရသည့်သားသမီးများ ပျော်ရွှင်နေလျှင် ဒေါ်ရွှေအိလည်း  ထပ်တူထပ်မျှပျော်ရွှင်ရသလို ထိုကလေးများ မပျော်ရွှင်လျှင်လည်း သူက ပို၍ဝမ်းနည်းရ၏ ။ သားကြီးက မိသားစုရှေ့ရောက်လျှင် ဘာမှမဖြစ်သလိုမျိုးနေပြသော်လည်း
တစ်ယောက်တည်းရှိသည့်အချိန်မျိုးဆိုလျှင် မျက်နှာကပျက်ယွင်းလျက် ။

ယခုလည်း သားကြီး၏ပုံစံက ငူငူငိုင်ငိုင် ။ သားလေးနှင့်ပြသနာတက်သည့်ရက်ကလည်း သားကြီးခမျာ အလူးအလဲ ။ မိုးရေထဲမှာ အသိစိတ်လွတ်နေသလိုမျိုးရပ်နေသည့် သားကြီးက သိပ်သနားစရာကောင်း၏ ။ အတောင့်သားရပ်နေသည့်သားကြီး၏ မျက်ဝန်းအစုံက သားလေး၏အိမ်ဘက်ကိုသွားသည့်လမ်းသို့ ။ ဘုန်းကြီးကျောင်းမှထွန်းထားသည့် မီးရောင်ဖျဖျအောက်မှာပင် သားကြီး၏ခန္ဓာကိုယ် တဆတ်ဆတ်တုန်နေသည်ကို ထင်ထင်ရှားရှားမြင်ရသည့်ခဏ သူ့နှလုံးသားထဲမှ အစိမ်းသက်သက်သွေးထွက်လာသလို ။

ဒေါ်ရွှေအိနှင့်အတူတူ ရွှေရိုးမေကပါ ရွှေရိုးနောင်၏လက်တစ်ဖက်စီကို ဇွတ်ဆွဲသော်လည်း နေရာမှတစ်စက်လေး မရွေ့လာပေ ။ ဒေါ်ရွှေအိ အသံထွက်ပြီးအော်ငိုမှသာ ရွှေရိုးနောင်က အသိဝင်လာပုံ ။ " အမေ " ဆိုပြီး ခပ်တိုးတိုးခေါ်လိုက်သည့် ရွှေရိုးနောင်၏အသံက အရာရာကိုဆုံးရှုံးလိုက်ရသလိုမျိုး နာနာကျင်ကျင် ။

သားအမိသုံးယောက်လုံး တစ်ကိုယ်လုံးမိုးရေစိုပြီး အိမ်ပြန်လာသည့်လမ်းတစ်လျှောက်လုံးတွင်လည်း
သားကြီးက ခဏခဏ နောက်ဘက်သို့ တကြည့်ကြည့် ။ အဝတ်အစားလဲပြီးတော့လည်း သံယောဇဉ်မပြတ်စွာ အိမ်ပေါက်ဝတွင်ထိုင်ပြီး ခြံဝကိုကြည့်နေသေး၏ ။

ထင်ထားခဲ့သည့်အတိုင်း သားလေးကလည်း သားကြီးအပေါ် အတော်လေးစိတ်ဆိုးသွားပုံ ။ ကြည့်သည့်အကြည့်ကလည်း ခပ်စိမ်းစိမ်း ။ တစ်ခုခုလုပ်လိုက်မည်ဟု ထင်လိုက်သော်လည်း အထင်နှင့်အမြင်လွဲခဲ့ရ၏ ။ ယခင်ကဆ်ိုလျှင် တစ်နေ့နှစ်ကြိမ်တွေ့နေကျဆိုတော့ ယခုလိုမျိုး မတွေ့မမြင်ရသည့်အခါ ရင်ထဲတွင်ဟာတာတာ ။ သမီးနှင့်သားငယ်လေးကလည်း ထိုသို့ဖြစ်ပုံပင် ။ သမီးကတော့
မျက်နှာမကောင်း ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now