မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (3)

7.7K 846 62
                                    

ကြက်အူချောင်းနှင့်ကြက်ဥထည့်ထားသော ကြက်သားခေါက်ဆွဲပြုတ်ပန်းကန်သည် ပီတာထွန်းညွှန့်ရှေ့တွင် ပြူးပြူးကြီး ။ နဂိုက စားချင်စိတ်လေးဖြစ်ပေါ်လာ၍ အလုပ်များနေသည့် မိခင်ဖြစ်သူကို ဇွတ်အတင်းမရမက ပြုတ်ခိုင်းထားသော်လည်း တကယ်တမ်းစားမည့်အချိန်ကျ စားချင်စိတ်သည် ပျောက်ဆုံးသွား၏ ။ အထက်အောက်မွှေပါများ၍ ခေါက်ဆွဲများလည်း ပျော့ပြဲနေသည့်အပြင် ကြက်ဥအတွင်းမှအနှစ်များကလည်း အပြင်သို့ထွက်လာသဖြင့် ကြည့်ရသည်မှာ တော်တော်လေးဆိုးလာသည် ။ ကြက်အူချောင်းတစ်ဖတ်ကို ခက်ရင်းနှင့်ဆောင့်ထိုးချလိုက်ပြီး မျက်လုံးအတွင်း မနေ့ကတွေ့ခဲ့သူ၏ ရုပ်ရည်သွင်ပြင်သည် ပြန်ပေါ်လာသည် ။

အသားခပ်လတ်လတ်နှင့် ထိုသူသည် အရပ်လည်းမြင့်သည် ။ မုတ်ဆိတ်မွေး ၊ ပါးသိုင်းမွေးများကို လောလောလတ်လတ်ရိတ်သင်ထားပုံလည်း ရသေးသည် ။ ထိုနေရာများသည် စိမ်းဖန့်နေ၏ ။

ယောင်ယမ်း၍ သူ့မျက်နှာသူ လက်နှင့်စမ်းမိသည် ။ ပီတာထွန်းညွှန့်၏ မျက်နှာသည် ဘယ်သောအခါမှ အမွေးအမျှင်ပေါက်သည်မရှိဘဲ ချောမွတ်နေ၏ ။ ယခင်ကတော့ ထိုချောမွတ်မှုကို အမြဲကျေနပ်ခဲ့သော်လည်း ယခုတွင်တော့ ရွှေရိုးနောင်ဆိုသည့်လူလိုမျိုး ပါးသိုင်းမွေးအနည်းငယ်ပေါက်ချင်သည့်စိတ်များ ပေါ်ပေါက်လာသည် ။

တောက်...အာရုံနောက်လိုက်တာကွာ ။ ဘယ့်နှယ်များ အဲဒီလူအကြောင်းက ခေါင်းထဲကို ဝင်လာရတာလဲ ။

ထိုအချိန် တံခါးတွန်းဖွင့်သံနှင့်အတူ မျိုးဝင်းနှင့်ကောင်းကျော်သည် အခန်းထဲဝင်လာကြသည် ။ မျိုးဝင်းသည်ကောင်းကျော်၏ ပခုံးပေါ် လက်တင်ထားသဖြင့် အရပ်ကွာခြားမှုသည် ပို၍ပေါ်လွင်နေပြီး လက်မနှင့်လက်ညှိုးပုံစံမျိုး ဖြစ်နေလေသည် ။

မျိုးဝင်းသည် ပီတာထွန်းညွှန့်ရှေ့မှ ခေါက်ဆွဲပန်းကန်ကိုကြည့်လိုက်ပြီး နှာခေါင်းရှုံ့ချလိုက်သည် ။ ခေါက်ဆွဲပန်းကန်သည် စားချင်စရာတစ်စက်မှ မရှိတော့ပေ ။ ပန်းကန်၏ ဘေးပတ်ပတ်လည်သည် ပေပွနေ၏ ။

ဒီကောင် မကြီးမငယ်နဲ့ ခေါက်ဆွဲကို သေချာမစားဘဲ ကစားနေလားပဲ ။ ပိုက်ဆံမရှားဘူးဆိုတိုင်း ဖြုန်းချင်တိုင်းဖြုန်းနေတဲ့ ပီတာထွန်းညွှန့်ဆိုတဲ့ သူငယ်ချင်းကို ခေါင်းမှာဘုလုံးထွက်အောင် ခေါက်ပစ်ချင်တယ် ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now