မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode( 9)

5.3K 728 50
                                    


မုန့်ဟင်းခါးဟင်းရည်အိုးက်ို ဆေးနေရင်းနှင့် ပျံ့နှံ့နေသော လော်စပီကာသံက်ို နားထောင်နေသည့် ရွှေရ်ိုးနောင် ။ မိုက်ခ်နှင့်စကားပြောသူမှာ အပြောအဆို ညက်ညောလှသည် ။ သူပြောသည်ကို နားထောင်နေရင်းနှင့် ကိုယ်တိုင်ကိုယ်ကျကြည့်နေရသလို မျက်လုံးထဲပုံပေါ်လာ၏ ။

ဒေါ်ရွှေအိ ပြုံးနေသည့် ရွှေရိုးနောင်၏မျက်နှာကို ကြည့်နေရင်းနှင့်ပင် စိတ်အတွင်းငြိမ်းအေးလှ၏ ။
ပုဆိုးကို ခပ်တိုတိုဝတ်ထားပြီး ဆောင့်ကြောင့်ထိုင်ကာ အိုးကြီးကို အားနှင့်အင်နှင့် တိုက်ချွတ်နေသဖြင့် လက်မောင်းကြွက်သားများက လှုပ်လှုပ်ရှားရှား ။ ကိုယ့်သားမို့ပြောသည်မဟုတ်ပေ ။ သားကြီးသည် သိပ်ကြည့်ကောင်း၏ ။ မှုန်အိနေအောင်ချောမောသည်ဟု မဆိုသာသော်လည်း ယောက်ျားလေးတစ်ယောက်အနေနှင့် တင့်တယ်ပြည့်စုံသော ရုပ်ရည်မျိုး ပိုင်ဆိုင်ထားသူ ။ စိတ်ဓာတ်ရေးရာအားဖြင့်လည်း ပြည့်ဝသည် ။ မလိုစိတ်မထားတတ် ။ ကူညီချင်စိတ်လည်းအပြည့် ။

" သားကြီး ဘာတွေကိုများ ဒီလောက်သဘောကျနေတာလဲ ၊ အမေ့သားမျက်နှာက ပြုံးနေတာပဲ "

ရွှေရိုးနောင် အိုးကိုတိုက်နေလျက်ပင် ဒေါ်ရွှေအိဘက်သို့ စောင်းကြည့်လိုက်၏ ။ သနပ်ခါးကို ခပ်ပါးပါးလူးထားပြီး ဆံပင်ကို တစ်ပတ်လျှိုဆံထုံး ထုံးထားသည့် ဒေါ်ရွှေအိ ။ လက်ကလည်း အငြိမ်မနေပေ ။ ငရုတ်သီးတောင့်များကို အညှာခြွေနေ၏ ။

ပြုံးလိုက်သဖြင့် ရွှေရိုးနောင်၏ နှုတ်ခမ်းစွန်းနှစ်ဖက်သည် အပေါ်သို့ ကော့တက်သွားသည် ။ နှုတ်ခမ်းများကပင် ပြုံးသည်မဟုတ်ဘဲ မျက်ဝန်းများတွင်ပါ အပြုံးရိပ်ရှိ၏ ။ထိုအပြုံးလေးသည် အနီးအနားရှိလူများကို အပြုံးဗိုင်းရပ်စ်ကူးစက်သွားသလိုပေ ။

" ကစားပွဲအော်နေတဲ့သူကို သဘောကျလို့ပါ ၊ မျက်စိရှေ့မှာဖြစ်နေသလိုပဲ ခံစားရအောင်ပြောတတ်လို့လေ အမေ "

" ဟုတ်ပါ့...ဟုတ်ပါ့ ၊ အမေလဲ သားပြောသလိုပဲ ခံစားမိတယ် "

" ညနေကျရင် ဆုပေးပွဲလုပ်မှာလ်ို့ကြားတယ် အေမ ၊ မုန့်တွေလဲ ရောင်းမယ်တဲ့ ၊ ကျွန်တော်တို့မိသားစုလဲ မုန့်သွားဝယ်စားကြရအောင် "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now