မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (34)

4.3K 538 45
                                    


အေးအေးညွှန့်၏ ဆိုင်မှဝန်ထမ်းများအားလုံးက ရှမ်းပြည်နယ်မှဆိုတော့ ယခုလိုအခါနီးလျှင် သူတို့နေရပ်ကိုပြန်ကြသည် ။ အေးအေးညွှန့်ကလည်း ပိတ်ရက်ကိုရှစ်ရက်အထိ လိုလိုချင်ချင်ပေး၏ ။
လမ်းစရိတ်အသွားအပြန်အပြင် မုန့်ဖိုးငွေတစ်သိန်းကိုလည်း ဝန်ထမ်းတိုင်းကိုပေးသည်မှာ ထုံးစံ ။ သူတို့၏ကြိုးစားမှုကြောင့်သာ အေးအေးညွှန့်တို့ဆိုင်တွင် ဝယ်သူများနေခြင်းပင် ။ ထို့အတွက်ကြောင့်လည်း အေးအေးညွှန့်နှင့်ခင်ပွန်းဖြစ်သူက နှမြောတွန့်တ်ိုမှုမရှိဘဲ ကူညီစောင့်ရှောက်ပေးသည် ။

ဆိုင်ပိတ်ထားသဖြင့် သားသားကို ယနေ့မတွေ့ရ ။ ရက်တော်တော်များများ နေ့စဉ်တွေ့နေကျဆိုတော့
ယခုလိုမျိုး မတွေ့ရသည့်အခါ ရင်ထဲဟာတာတာ ။
သမီးဖြစ်သူ အေးဖြူဖြူကလည်း သင်္ကြန်ပြီးပြန်လာရမည်ဆိုသဖြင့် ဖုန်းဆက်လျှင်ပင် ပြန်ဖြေသည့်အသံက ညှောင်နာနာ ။

တွေးရင်းနှင့် ချစ်ရသူများကို ယခုပင်တွေ့ချင်လာသည် ။ စိတ်မြန်သည်က သူတို့မောင်နှမနှစ်ယောက်လုံး တစ်ပုံစံတည်း ။ မြန်ဆန်သောခြေလှမ်းများနှင့် သွက်လက်သောလက်အစုံသည် ကားလေးကိုအနက်ရောင်လမ်းမပေါ် မောင်းနှင်ခိုင်းစေ၏ ။

လမ်းထ််ိပ်တွင် တစ်ပုံစီပုံထားသည့် အုန်းလက်များနှင့် ဝါးလုံးများကြောင့် ကားအရှိန်ကိုလျှော့ချလိုက်ပြီး ဘီးလှိမ့်ရုံသာမောင်းမိ၏ ။ မဏ္ဍပ်ဆောက်ရန်အတွက် ကြိုတင်ပြီးပြင်ဆင်ထားပုံ ။

အေးအေးညွှန့်၏နှုတ်ခမ်းလွှာထက် အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာသလို မျက်လုံးများကလည်း ရွှန်းစိုတောက်ပလျက် ။ အတွေးများကလည်း လွန်ခဲ့သောနှစ်များဆီကို လွန့်လူးပြေးလွှားသွား၏ ။

ရေဘူးပါသည့်ကျောပိုးအိတ်ကိုလွယ်ပြီး ပျော်ရွှင်စွာရေကစားနေသော ဆံပင်ကောက်ကောက် ၊ အသားဖြူဖြူကောင်လေးကို တွေ့သူမြင်သူတိုင်းက ချစ်ခင်စွာကြည့်သွားတတ်သည့်အခါ အေးအေးညွှန့်ကတော့ မောင်ပိစိလေးအစား ဂုဏ်ယူဝင့်ကြွားလျက် ။ သင်္ကြန်ကျတိုင်း အေးအေးညွှန့်မှာ သူငယ်ချင်းများနှင့်ရေပက်ခံထွက်ရန်မဆိုထားနှင့် ၊ အိမ်နားရှိဘုန်းကြီးကျောင်းကိုပင် ခြေဦးမလှည့်နိုင် ။ မိဘများကိုလည်း အပင်ပန်းမခံစေချင် ။ ထို့အတွက် ပီတာထွန်းညွှန့်ကို အနီးကပ်ကြည့်ရှုရန် အေးအေးညွှန့်ကသာ တာဝန်ယူထားလိုက်သည် ။ အခြားသူများနှင့်လည်း စိတ်ကမချနိုင်ဆိုတော့ ကိုယ်တိုင်ကိုယ်ကျ ဆေးထုပ်နှင့်ရေတစ်ဘူးကိုင်၍ သားသားနောက်ကို လိုက်ရသည်ပင် ။ ရေပက်မည်ဆ်ိုလျှင်လည်း သားသားက လူရွေးပြီးမှပက်၏ ။ ချောမှလှမှသာ ရေပက်သည် ။ မဟုတ်လျှင် ရေမွှေးများထည့်ထားသည့် သူ့ရေလေးကုန်သွားမည်ကို နှမြောမိ၍ဟုလည်း ဖြေရှင်း
တတ်သေးသည် ။ သူ ရေပက်ချင်သည့်သူကိုများ ရေမပက်လိုက်ရလျှင် နှုတ်ခမ်းတစ်တောင်ခန့်စူ၍ ခြေဆောင့်ပြီး တအိအိနှင့်ငိုတတ်သေးသူမှာ ပီတာထွန်းညွှန့်ပင် ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now