မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (47)

4.1K 486 110
                                    


လေးရက်...လေးရက်ရှိတော့မယ် ။
ဖင်လှည့်ခေါင်းလှည့်နဲ့ပဲ လေးရက်ဆိုတဲ့အချိန်က မြန်မြန်ဆန်ဆန်နဲ့ ပြည့်တော့မှာ ။
ဘယ်လောက်ထိ စိတ်တိုဖို့ကောင်းလဲဆိုရင် အဲဒီလေးရက်အတွင်းမှာ သင်းက စာမလာ ၊ သတင်းမကြားနဲ့ ။ မလိုက်လာနဲ့ဆိုတော့ တကယ်လိုက်မလာဘူး ။ အဲဒါဆို ဂျပန်ကိုမသွားနဲ့ဆိုပြီးတားရင်ရော မသွားဘဲနေမှာလား ။ စွန့်ပစ်ခံလိုက်ရတဲ့ အကောင်သေးသေးလေးတွေလိုမျိုး ကိုယ့်ကိုယ်ကိုယ် ထင်မြင်လာပါရော ။ အချိန်ကြာလာလေလေ မခွဲနိုင်ဘူးဆိုတာ သေချာလာလေပဲ ။ သူကသာ အခုလိုမျိုး မစားနိုင် ၊ မသောက်နိုင် ၊ မအိပ်န်ိုင်ဖြစ်နေပေမဲ့ သင်းကတော့ သူ့ကိုမေ့ပစ်ပြီလားတောင် မသိဘူး ။ အဲဒီလိုမျိုးတွေးလိုက်မိတာနဲ့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီးတော့ ဘေးကနံရံကို တည့်တည့်ရွယ်မိတယ် ။ နံရံနားနီးလာလေ ဆုပ်ထားတဲ့လက်လေးက တဖြည်းဖြည်းပြန့်လာလေပဲ ။ အဆုံးသတ်ကျတော့ နံရံပေါ်ကျသွားတာက လက်သီးမဟုတ်တော့ဘဲ အတတ်နိုင်ဆုံးဖြန့်ကားထားတဲ့ လက်ဖဝါးတစ်ခု ။

သူက ဘယ်တုံးကမှ ကိုယ့်ကိုယ်ကိုယ် နာအောင်မလုပ်နိုင်ဘူး ။ အသားနာမှာကိုလဲ သိပ်ကြောက်တာ ။ ငယ်ငယ်ကဆိုရင် ဆေးတစ်ခါထိုးဖို့အရေး မကြီးခမျာ သူနဲ့ နပန်းသတ်ရတာလဲ ခဏခဏ ။ သူနာပြုဆရာမတွေကပါ ဝိုင်းချုပ်ပေးပြီးမှ ဆေးထိုးလို့ရတာ ။ အဲဒါကြောင့်လဲ အမြဲသွားနေကျဆေးခန်းက ဆရာဝန်ဆိုရင် သူ့တွေ့တာနဲ့ မျက်ခုံးတလှုပ်လှုပ် ။ မထိုးခင်လဲ ရုန်းရင်းဆန်ခတ်ဖြစ်သလို ဆေးထိုးပြီးရင်လဲ ဖင်ကိုလက်ဖဝါးနဲ့ပွတ်ပြီး မပြီးနိုင်မစီးန်ိုင် ငိုရောပဲ ။

ဆေးခန်းဆိုမှ အာရုံထဲဝင်လာတာက ရွှေရိုးနောင်ရဲ့ တင်ပါးလုံးလုံးလေးပဲ ။ ရွှေရိုးနောင်က ရင်ဘတ်လေးကသာ ပြားချပ်နေပေမဲ့ တင်ပါးလေးကတော့ ခပ်ကိတ်ကိတ် ။ နောက်ပြီးတော့ ရွှေရိုးနောင်ရဲ့တင်ပါးအသားကအိအိလေး ။ အဲဒီတုန်းကတော့ ရွှေရိုးနောင်ကဖျားနေတဲ့သူဆိုတော့ သူကလဲ နှာဘူးမထမိပါဘူး ။ ဒါပေမဲ့ အခုလိုမျိုးနောက်ထပ်တစ်ခါ ထပ်တွေးမိတော့ အသားယူချင်လာတယ် ။ အဲဒီတင်ပါးလေးကို တစ်ချိန်ချိန်ကျရင် ညှစ်ကြည့်အုံးမယ်လို့လဲ တွေးထားဖူးတာ ။ လူမလစ်လို့သာ ဘာမှမဘာရတာလေ ။ အခုအခြေအနေကတော့ အဲဒီတင်ပါးကိုညှစ်ကြည့်ဖို့လဲ
အခွင့်အရေးရမဲ့ပုံ မရှိတော့ပါဘူး ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now