မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode ( 7)

5.4K 751 43
                                    


ထမင်းအုပ်ဆောင်းကိုဖွင့်ကြည့်ပြီးရှုံ့ မဲ့သွားသည့် မျက်နှာ ။ ဒေါ်အေးမြ ပီတာထွန်းညွှန့်၏မျက်နှာထားကြောင့် စိတ်ညစ်သွားတော့၏ ။ ချက်ထားသည့်ဟင်းများကို မကြိုက်ဘူးဆိုသော ပုံစံမျိုးသည် ပီတာထွန်းညွှန့်မျက်နှာပေါ်တွင် ထင်ထင်ရှားရှား ။

ဟင်း ။ ဒီကလေးနဲ့တော့ မလွယ် ။ ဘာတွေများ ဂျီကျအုံးမယ် မသိဘူး ။

" ဒီဟင်းပဲလား အမေ "

မျက်နှာတွင် မလိုလားဟန်ရှိနေသလို အသံတွင်လည်း ထိုနည်းတူစွာပင် ။ နှာခေါင်းကလည်း တရှုံ့ရှုံ့နှင့် ။

ဒေါ်အေးမြ စားပွဲပေါ်ကဟင်းများကို တစ်ချက်ဝေ့ကြည့်လိုက်သည် ။ ဗမာကြက်ဆီပြန် ၊ ချဉ်ပေါင်ရွက်ဟင်းချိုနှင့် ငရုတ်သီးကြော် ။ ထိုဟင်းများကိုပင် သားဖြစ်သူက မကြိုက် ။

" ဟုတ်တယ်လေ သားရဲ့ ၊ မစားချင်ဘူးလား ၊ အမေ ကြက်အူချောင်း ကြော်ပေးရမလား "

ခေါင်းကိုခါသည် ။ ထို့နောက် ဒေါ်အေးမြရှေ့ လက်တစ်ဖက်ဖြန့်လိုက်၏ ။ အလိုက်တသိပင် ဒေါ်အေးမြ အကျီအိတ်ကပ်ထဲမှ တစ်ထောင်တန်သုံးရွက် ထုတ်ပေးလိုက်သောအခါ လှမ်းယူပြီး မီးဖိုဘက်မှ ကော့တော့ကော့တော့ထွက်သွားလေသည် ။

ပိုက်ဆံရှာရတာ ဘယ်လောက်ခက်ကြောင်း သားဖြစ်တဲ့သူကို သိစေချင်သား ။ တစ်နေ့တစ်နေ့ မလိုအပ်ဘဲ သုံးနေတဲ့ ပိုက်ဆံတွေက မနည်းဘူးလေ ။ ကြက်သားဟင်းချက်ရင် ကြက်ကြော် ၊ ကြက်ကင်ဝယ်စားတယ် ။ ကြက်သားကြော်ရင် ကြက်သားဟင်းဝယ်စားတယ် ။ ပြောရင်လဲ စိတ်မကောင်းဖြစ်အုံးမယ် ။

သက်ပြင်းမောကိုသာ ခပ်နာနာချမိသည် ။

အနားကိုလာရပ်သည့် ဦးထွန်းညွှန့် ။

" မအေးမြရေ မင်းသားတော့ အပြင်ထပ်ထွက်သွားပြန်ပြီနော် ၊ ဘယ်တဲ့လဲ "

" တစ်ခုခုသွားဝယ်စားမှာပေါ့ရှင် ၊ မုန့်ဖိုးပေးလိုက်တယ် "

" နောက်ရက်ကျရင် ဟင်းတွေလျော့ချက်ကွာ ၊ မကုန်ရင်နှမြောစရာ ၊ ဒါမှမဟုတ်လဲ မနက်ဖြန်ကျရင် ဟင်းမချက်နဲ့တော့ ၊ ပိုတဲ့ကြ က်သားဟင်းကို အာလူးနဲ့ရောလိုက် ၊ ငါတို့လင်မယား အဲဒီဟင်းနဲ့ပဲ စားကြမယ် ၊ သားကိုတော့ သူစားချင်တာချက်ကျွေးလိုက် "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now