မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (45)

3.8K 454 52
                                    


ပတ်ဝန်းကျင်တွင် တဖြည်းဖြည်းအသံများတိတ်ဆိတ်သွားပြီး ခွေးအူသံများကိုသာ တစ်ခါတလေကြားနေရ၏ ။ ဝမ်းနည်းသည့်စိတ်နှင့် ဒေါသထွက်သည့်စိတ်က တစ်လှည့်စီဖြစ်ပေါ်နေသဖြင့် သူကတော့ မည်ကဲ့သို့မျှ အိပ်စက်၍မရနိုင်ပါ ။ ရင်ထဲတွင်လည်း တနုံ့နုံ့ ။

စောင်ကို တစ်ကိုယ်လုံး လုံအောင် ခြုံထားသော်လည်း ယခုထျိကို အေးသည်ဟုခံစားနေရဆဲ ။
နှာခေါင်းထဲမှလည်း ယားကျိကျိဖြစ်လာပြီး နှာချေချင်လာသည် ။ အမေတို့ကြားသွားမည်စိုး၍ နှာခေါင်းပေါ်လက်အုပ်၍ တိုးတိုးတိတ်တိတ်နှာချေရ၏ ။

အဲဒါ ဟိုကောင်ကြောင့် ။ ရွှေရိုးနောင်ဆိုတဲ့ အမွေးထူကောင် မကောင်းလို့ အခုလိုမျိုး မိုးမိပြီး နှာချေနေတာ ။ ဒါတောင် ရောက်ရောက်ချင်းအဝတ်လဲပြီး ဆေးသောက်လိုက်လို့ ။ မဟုတ်ရင် အခုချိန် အတုံးအရုံးဖျားနေလောက်ပြီ ။
အမေနဲ့အဖေကတော့ တစ်ကိုယ်လုံး မိုးရေတွေစိုပြီး အိမ်ပြန်လာတဲ့ သူ့ကိုကြည့်ပြီး စိုးရိမ်တကြီးဖြစ်နေလို့ ထီးကိုင်းကျ်ိုးသွားလို့ဆိုပြီး လိမ်လိုက်ရသေးတယ် ။ အမေကတော့ အဝတ်အစားလဲဖို့ ၊ ဆေးသောက်ဖို့ မြန်မြန်ဆန်ဆန်လုပ်ပေးပေမဲ့ အဖေကတော့ သူ့ကို သေသေချာချာစိုက်ကြည့်နေတာ ။ တစ်ခုခုကိုလဲမေးချင်နေပုံရသလို မျက်နှာလဲမကောင်းဘူး ။ တွေးရင်းတွေးရင်းနဲ့ပဲ အဖေနဲ့အမေကို သနားလိုက်တာ ။

စဉ်းစားရင်းတွေးရင်းနှင့် ဒေါသစိတ်က ငယ်ထိပ်ကိုတက်ဆောင့်၏ ။ ထို့အတူ ဝမ်းနည်းစိတ်ကလည်း တစ်ခါတည်းဖြစ်ပေါ်လာသည် ။ ဂျပန်သွားသည်က မန္တလေးသွားသလိုမျိုး ချက်ချင်းသွား၍ရသည်မဟုတ် ။ သေသေချာချာကြိုတင်စီစဉ်ပြီးမှ သွား၍ရသည့်ခရီးစဉ်တစ်ခု ။ တစ်နေ့လျှင်နှစ်ကြိမ်တွေ့သော်လည်း ရွှေရိုးနောင်၏ပါးစပ်မှ ထ်ိုအကြောင်းကို အနည်းငယ်မျှ ဖွင့်ဟမလာ ။ သူကသာ ၊ သူကသာ တစ်ယောက်တည်း အရူးလိုမျိုးဖြစ်ခဲ့ရသည် ။ ဟိုတစ်ယောက်က သူ့အနာဂတ်ကို သေသေချာချာစီစဉ်ပြီးသား ။

မျက်လုံးများအတွင်း တဖြည်းဖြည်းပူလာပြီး ခဏအကြာတွင် မျက်လုံးထောင့်မှ အရည်အချို့ စီးကျလာ၏ ။ အသံထွက်ပြီးလည်းငို၍မရ ။ တစ်ခုခုက ပိတ်ဆို့ထားသလို ၊ တစ်ယောက်ယောက်က တားမြစ်ထားသလိုမျိုး တစ်ဆို့နေ၏ ။ မျက်ရည်များကို လက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်ဖယ်ပစ်လိုက်ပြီး ဒေါသကြီးစွာ တောက်ခေါက်မိသည် ။ ထိုတောက်ခေါက်သံသည် ကျယ်လောင်စွာထွက်မလာဘဲ ခပ်တိုးတိုးအသံအနေဖြင့်သာ စောင်အတွင်းပျောက်ကွယ်သွား၏ ။ လည်ပင်းထဲတွင်လည်း ဆစ်ခနဲနာကျင်သွားသည် ။ ရှိသမျှ မကျေနပ်မှုအားလုံးကို ရွှေရိုးနောင်ထံသို့သာ ပုံချမိ၏ ။ စိတ်ရှိသည့်အတိုင်းဆိုလျှင် တစ်ခုခုလုပ်ပစ်ချင်ပါသည် ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now