မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (60)

4.8K 471 173
                                    


ဒေါ်ကြည်ပြာခင်တို့လေးယောက် ရွှေရိုးနောင်တို့၏ မင်္ဂလာပွဲဆီသို့ ရောက်သွားချိန်၌ လူခပ်ရှင်းရှင်း ။ သူတို့ကလည်း တမင်ကို နောက်ကျပြီးလာခြင်းပင် ။ မိုး ယူလာသည့် လက်ဖွဲ့ပစ္စည်းကလည်း ပရိုဘောက်ကား၏နောက်ဖုံးအပြည့်ဆိုတော့ တမင်အချိန်ဆွဲခြင်းသာ ။ စားပွဲဝိုင်းတစ်ဝိုင်း၌သာ မိန်းကလေးတစ်ယောက်နှင့် ရွှေရိုးနောင်
ထိုင်နေပြီး ပီတာထွန်းညွှန့်ကတော့ ဘေးဘက်ရှိစားပွဲဝိုင်း၌ တစ်ယောက်တည်း ။ မျက်နှာကလည်း ပြုံးရယ်နေရမည့်အစား အနည်းငယ် စူပုပ်ပုပ် ။

သူတို့လေးယောက်ကို မြင်သည်နှင့် နှစ်ယောက်သားက ထိုင်နေရာမှ ချက်ချင်းထ၍ ကြိုဆိုကြလေသည် ။

" နောက်ကျတယ်နော် အန်တီ ၊ ကျွန်တော်ရော တာရောက အန်တီတို့ကို မျှော်နေကြတာ "

" တမင် နောက်ကျမှလာကြတာ သားတို့ရဲ့၊ မဟုတ်ရင် လူများနေမှာစိုးလို့ "

သူတို့ခြောက်ယောက်၏စကားဝိုင်းက ပွက်ပွက်ညံစည်ကားလျက် ။ သူတို့နှစ်ယောက်ဆီ ရောက်ရှိလာသည့် အမှတ်တရပစ္စည်းများကြောင့် အားလည်းနာရပြန်သည် ။ ငြင်းဆန်၍လည်းမဖြစ် ။ သည်လေးယောက်က သူတို့နှစ်ယောက်ကို သိပ်ခင်တွယ်၏  ။

" အန်တီကလဲ ဘာလက်ဖွဲ့မှ မယူလာပါနဲ့ဆိုတာကို... "

" ပေးချင်လို့ပါ သားတို့ရယ် ၊ တန်ဖိုးကြီးတာလဲ မဟုတ်ပါဘူးကွယ် ၊ ဒီအတိုင်း ပန်းချီကားလေးပဲကို "

ပန်းချီကားဆိုသော်လည်း  ကျောက်စီထားသည့် ပန်းချီကားဆိုတော့ ဈေးကြီးလိမ့်မည် ။ ဒေါ်ကြည်ပြာခင်၏မျက်နှာကလည်း သူတို့ငြင်းဆန်လိုက်မည်ကို စိတ်ပူနေသည့်ပုံ ။

" အခုတော့ လက်ခံလိုက်ပါမယ် ၊ နောက်ကျရင်တော့ အခုလိုမျိုးတန်ဖိုးကြီးတဲ့ပစ္စည်းမျိုးတွေ မပေးပါနဲ့ဗျာ ၊ ကျွန်တော်တို့အားနာလို့ပါ "

" စိတ်ချ... စိတ်ချ ၊ နောက်ထပ်မပေးတော့ပါဘူး ၊ အခု ပန်းချီကားကိုရော သဘောကျရဲ့လား ၊ သားတို့နှစ်ယောက်ရဲ့ပုံကို ဂျီ့ဆီကတောင်းပြီး ပုံတူအပ်ထားတာ ၊ တူရောတူရဲ့လား "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now