မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (48)

4K 496 70
                                    


ဂျပန်သွားပြီးအလုပ်လုပ်မည့်အကြောင်း ပြောပြလိုက်သည့်အချိန်မှစ၍ ကိုမော်ကြီး၏မျက်နှာက သိပ်မကောင်းတော့ ။ တွေ့ရခင်ရသည်မှာ သိပ်မကြာသေးသော်လည်း ရွှေရိုးနောင်အပေါ် သံယောဇဉ်ရှိမိပါသည် ။ ယခုလိုမျိုး နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်မည်ဟု သိလိုက်ရသောအခါ ဝမ်းသာသည့်စိတ်ကသတ်သတ် ၊ ခင်မင်ရသည့်သူနှင့် ခွဲခွာရမည်ဖြစ်သဖြင့် ဝမ်းနည်းသည့်စိတ်ကသတ်သတ် ။

မျိုးဝင်းနှင့်ကောင်းကျော်လည်း စိတ်မကောင်းဖြစ်မိသည် ။ ရွှေရိုးနောင်နှင့် သူတို့က သိပ်ပြီးမရင်းနှီးကြသော်လည်း သူတို့၏သူငယ်ချင်းနှင့်သက်ဆိုင်သူဆိုတော့ ခင်မင်စိတ်တော့ရှိသည် ။

ရွှေရိုးနောင်နှင့်သက်ဆိုင်သော အဓိကလူကတော့လက်ဖက်ရည်ပင် သောက်မပျက်ချေ ။ စကားကိုလည်း တစ်လုံးတစ်ပါဒမှ ဝင်ရောက်ပြောဆိုခြင်းမရှိပေ ။

" အစ်မကို ငါ့ဖုန်းနံပါတ်ပေးထားလိုက် ရွှေရိုးနောင် ၊ တစ်ခုခုဆိုတာနဲ့ ငါ့ဆီဖုန်းတန်းဆက်ခိုင်း ၊ ငါလဲ ကြည့်ရှုပေးထားပါ့မယ် ၊ မင်းက မင်းကျန်းမာရေးကိုသာ ဂရုစိုက်ပြီး ဟိုမှာအလုပ်သေချာလုပ်ကွာ "

" ကျွန်တော် ကိုမော်ကြီးရဲ့ဖုန်းနံပါတ်ရော တခြား ကျွန်တော်နဲ့ခင်တဲ့သူတွေရဲ့ ဖုန်းနံပါတ်တွေရော အမေ့ကိုပေးထားတယ် ၊ ကိုမော်ကြီးတ်ို့ဆီပဲ ကျွန်တော့်မိသားစုကို အပ်ခဲ့ရမှာဗျာ "

" အေးပါကွာ...စိတ်ချလက်ချသာအပ်ခဲ့ ၊ ငါတျို့ရပျကှကျလေးက အေးချမ်းပါတယ် ၊ မင်း ဘာမှစိတ်မပူနဲ့ ရွှေရိုးနောင် ၊ ငါတို့တွေ အတတ်နိုင်ဆုံး မင်းရဲ့မိသားစုကို စောင့်ရှောက်ပေးမယ် ၊ ဒါနဲ့ မုန့်ဟင်းခါးဆိုင်ကရော အစ်မတို့ကဆက်ပြီးဖွင့်မှာလား "

" အမေကတော့ ဆက်ပြီးဖွင့်ချင်တယ်လို့ ကျွန်တော့်ကိုပူဆာတယ် ၊ ကျွန်တော်ကတော့ မဖွင့်ရဘူးဆိုပြီး အမေ့ကိုတားထားတယ် ကိုမော်ကြီးရာ ၊ မုန့်ဟင်းခါးက အစောထပြီးချက်ရတာလေ ၊ ကျွန်တော်မရှိရင် အမေနဲ့ညီမလေးပဲလုပ်ရမှာ "

" အဲဒါတော့ ဟုတ်တယ် ရွှေရိုးနောင် ၊ မဖွင့်တာဘဲ ကောင်းပါတယ်ကွာ ၊ မင်းညီလေးရော မင်းကိုပြသနာမရှာဘူးလား "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now