Extra (2)

1.4K 132 52
                                    

" တာရေ... ဆံပင်ကိုဆီထည့်ရအောင်လေ "

ရွှေရိုးနောင်က ဖုန်းကိုသဲကြီးမဲကြီးကြည့်နေသည့် သူ့အနားလာထိုင်ပြီး​ လက်ထဲကဆီဘူးလေးကိုလှုပ်ပြရင်း ပြောလာသည့်စကားပါ ။ သူကသာ  ဆံပင်ကိုဆီထည့်ပြီးမှခေါင်းလျှော်ရန် မေ့ချင်မေ့မည်ဖြစ်သော်လည်း သူ့ကို မဟားတရား ၊ အလွန်အကျွံ ၊ အူလှိုက်သည်းလှိုက်ချစ်နေသော ရွှေရိုးနောင်ကတော့ ဘယ်သောအခါမှမမေ့ပေ ။

ကြမ်းပြင်ပေါ် ပျင်းတိပျင်းတွဲလှဲနေရင်းက လက်ကိုခါပြီး

" မထည့်ချင်ဘူး ၊ အဲဒီဆီထည့်လိုက်ရင် ခေါင်းလေးသွားသလိုပဲ "

" ဒါပေါ့ တာရဲ့ ၊ ဆီဆိုတာကတော့ နည်းနည်းအဲဒီလိုမျိုးဖြစ်နေမှာပေါ့ ၊ ဒါပေမဲ့လေ ကျွန်တော်သတိထားမိတယ်သိလား ၊ ခေါင်းမလျှော်ခင်ဆီထည့်... ခေါင်းလျှော်ပြီးချိန် mintလေးဖျန်းတော့ တာရဲ့ဆံပင်လေးတွေ ပိုကောင်းလာတယ် တာရဲ့ "

" ဟုတ်လို့လား "

" တကယ်ပြောတာ တာရဲ့ ၊ ဒီမှာကြည့် အရင်ကဆို တာ့ နဖူးတစ်လျှောက်မှာ baby hairလေးတွေ ဒီလောက်မှမရှိတာကို ၊ အခုဆိုအများကြီးထွက်လာပြီလေ ၊  ဒါလေးကိုသာ တာ ပုံမှန်သုံးသွားရင် ဆံပင်ကျွတ်တာတွေလဲ သက်သာသွားလိမ့်မယ် ၊ ထိပ်​ပြောင်တာတို့...နဖူးပြောင်တာတို့ကို တာမကြိုက်ဘူးမဟုတ်လား "

တာ့ နဖူးမှာထွက်နေသည့် အမွေးနုလေးများကိုထိတွေ့ရင်း စကားပြောနေမိသလို တာ့မျက်နှာရိပ်မျက်နှာကဲကိုလည်း အကဲခတ်ရသေး၏ ။ အလှကြိုက်သည့် တာက နဖူး​ပြောင်မှာ ၊ ထိပ်ပြောင်မှာကို သိပ်ကြောက်သည့်အတွက် သူ့စကားလည်းဆုံးရော ပက်လက်လှဲနေရာမှ ဖျတ်ခနဲ ငုတ်တုတ်ထထိုင်လိုက်သည် ။ ထို့နောက် သူ့ရှေ့ခေါင်းထိုးပေးလာပြီး

" ကြည့်ပေးအုံး...ကြည့်ပေးအုံး ၊ ငါ ထိပ်ပြောင်နေပြီလားဆိုတာ သေချာကြည့်ပေး "

လက်ထဲကိုင်ထားသည့်ဆီဘူးကို ကြမ်းပြင်ပေါ်ချပြီး တာ့ဆံပင်များကို အသာအယာဖွ၍ကြည့်မိ၏ ။

" အခုထိတော့မပြောင်သေးပါဘူး တာ "

" ဆံပင်ဖြူတွေကောတွေ့လား "

You've reached the end of published parts.

⏰ Last updated: Dec 31, 2023 ⏰

Add this story to your Library to get notified about new parts!

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now