မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (43)

3.6K 490 81
                                    


အိမ်စာလုပ်နေသော ငယ်လေး၏ဆံပင်များကို ရွှေရိုးနောင် ဖြည်းဖြည်းချင်းသပ်တင်ပေးနေ၏ ။ ငယ်လေးက ထိုကဲ့သို့လုပ်ပေးလျှင် သဘောကျတတ်သည် ။ ယခုလည်း ဘောပင်ကိုင်ထားသည့် ငယ်လေး၏လက်များက ရပ်တန့်သွားပြီး နောက်ဘက်ကို တရွေ့ရွေ့ဆုတ်လာ၏ ။ ရွှေရိုးနောင် တင်ပျဉ်ခွေထ်ိုင်လိုက်၍ ငယ်လေးကို သူ့ပေါင်ပေါ်သို့ ခေါင်းအုံးစေလိုက်သည် ။ ဆံပင်လေးများကို ထိတွေ့နေခြင်းကိုလည်း မရပ်တန့်လိုက် ။

" ငယ်လေး "

" ဗျာ ကိုကြီး "ဟု ထူးလာသော်လည်း ငယ်လေး၏မျက်လုံးလေးများက ခပ်မှေးမှေး ။ ဇိမ်ခံနေသည့် ကလေးငယ်လေးက အပြစ်ကင်းစွာ ချစ်စရာကောင်းနေပြန်သည် ။

" ကိုကြီးက ငယ်လေးကို ပြောပြစရာရှိလို့ ၊ ကိုကြီးကလေ နောက်ထပ်ရက်နည်းနည်းလေးကြာရင် အလုပ်လုပ်ဖို့ နိုင်ငံခြားကိုသွားရတော့မှာ "

မှေးနေသည့်မျက်လုံးများက ချက်ချင်းပွင့်လာပြီး
သူ့ကို ပြူးကြောင်ကြောင်လေး မော့ကြည့်လာသည့် ငယ်လေး ။ ငယ်လေးကို ပြုံးပြလိုက်ရသော်လည်း စိတ်ထဲတွင်တော့ မငြိမ်မသက် ။ အမေနှင့်ညီမလေးကလည်း သူတို့နှစ်ယောက်၏ အခြေအနေကို လှမ်းပြီးအကဲခတ်နေသည် ။

" ကိုကြီးကလဲ..."

ထိုအသံထဲတွင် အစ်ကိုဖြစ်သူ အဝေးသွားမည်ကို
မလိုလားဟန်အပြည့် ။ လှဲအိပ်နေရာမှလည်း ထ ထိုင်လိုက်ပြီး ခေါင်းကိုလည်း အကြိမ်ရေများစွာခါ
ယမ်းလေသည် ။

" ငယ်လေးပဲ အိမ်လှလှလေးနဲ့ နေချင်တယ်ဆို ၊ အဲဒီလိုနေဖို့ဆိုရင် ပိုက်ဆံရှိမှ နေလို့ရမှာလေ ၊ အဲဒါကြောင့် ကိုကြီးက ပိုက်ဆံသွားရှာမှာ "

တွေဝေမှုမရှိဘဲ ခေါင်းလေးသည် ထပ်ခါလာပြန်သည် ။

အိမ်လှလှလေးလိုချင်သည်ဟု ပြောခဲ့မိသည်ကလည်း အမှန်ပါ ။ သူ့ကျောင်းနားက အိမ်လှလှလေးကို ကျောင်းသွား ၊ ကျောင်းပြန် ငေးမောကြည့်ပြီး ကိုကြီးကို ထိုအိမ်လေးလို အိမ်လှလှလေးတွင်နေချင်ပါသည်ဟု ပြောခဲ့သည်ကလည်း
အဟုတ် ။ သို့ပေမဲ့ ထိုသို့ပြောသည်က သည်အတိုင်းရိုးရိုးပြောလိုက်ခြင်းသာ ။ ကိုကြီးသာ ယခုကဲ့သို့ အလုပ်သွားလုပ်မှ အိမ်လှလှလေးပိုင်ဆိုင်နိုင်မည်ဆိုပါက သူကတော့ မည်မျှလှသည့်အိမ်လေးဖြစ်နေပါစေ ၊ မလိုချင်တော့ပါ ။ ကိုကြီးကိုသာ သူ့အနားနားတွင်ရှိစေချင်သည် ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now