မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode ( 12)

5.1K 686 25
                                    


ခြံထဲတွင် ထိုင်နေကြသည့် ဦးထွန်းညွှန့် ၊ ဒေါ်အေးမြ ၊ မျိုးဝင်းနှင့် ကောင်းကျော် ။ ဦးထွန့်ညွှန့်က ကိုင်ထားသောနှီးယပ်တောင်လေးဖြင့်
ဒေါ်အေးမြကို ယပ်ခတ်ပေးနေသည် ။ ညနေစောင်းအချိန်ဆိုတော့ သိပ်ပြီးမပူလှသော်လည်း ဦးထွန်းညွှန့်ကတော့ ဒေါ်အေးမြ ပူမည်ကို စိုးရိမ်မိသောကြောင့် မနားမနေ ယပ်ခတ်ပေးနေ၏ ။

မျိုးဝင်း သေသေချာချာစိုက်ထားသည့် ပန်းပင်များကိုကြည့်နေရင်းနှင့် လူကြီးနှစ်ယောက်ကို ကြည့်လိုက်သည် ။ သူ့တစ်သက်တွင် လေးစားမိသည့် လူတစ်ယောက်ကိုပြပါဆိုလျှင် ဦးထွန်းညွှန့်ကိုသာ မဆိုင်းမတွ လက်ညှိုးညွှန်ပြမိမည် ။ မိန်းမကိစ္စ အရှုပ်အရှင်းလည်း မရှိသလို ဆိုးဆိုးဝါးဝါး ဘာသတင်းကိုမှလည်း မကြားခဲ့ရ ။ ဇနီးဖြစ်သူနှင့် သားသမီးများကိုလည်း အမြဲချစ်ခင်ကြင်နာတတ်သည့် အမျိုးသား ။

" သားတို့ အပြန်ကျရင် ငါးခြောက်နဲ့ ငါးပိတွေ ဝင်ယူသွားကြအုံး ၊ အန်တီ သားတို့နှစ်ယောက်လုံးအတွက် ထည့်ထားတယ် "

" ဟုတ်ကဲ့ အန်တီ "

ကောင်းကျော် ဒေါ်အေးမြ၏စကားကို ဟုတ်ကဲ့ ဟု ပြောလိုက်သည် ။ ပီတာကပင် သူတို့အပေါ်ကောင်းသည်မဟုတ် ၊ ဒေါ်အေးမြတ်ို့ကလည်း သူတို့မိသားစုများအပေါ် တတ်နိုင်သမျှ ကူညီပေးတတ်သည် ။ ဟင်းချက်စရာများကိုလည်း ယခုလျိုမြိုး ပေးတတ်၏ ။

ဒေါ်အေးမြ၏ အကြည့်သည် သူတျို့လငျမယားကို ပြုံးတုံ့တုံ့မျက်နှာနှင့် ကြည့်နေသည့် မျိုးဝင်းဆီသို့ ။

" သား အန်တီတို့ လင်မယားနှစ်ယောက် ဘာဖြစ်နေလို့လဲ "

ခေါင်းခါသည် ။ အပြုံးမျက်နှာကတော့ ပြောင်းမသွား ။

" သဘောကျလို့ပါ အန်တီ ၊ အန်တီတို့ကိုမြင်ရရင် စိတ်ချမ်းသာရတယ် ၊ ဦးလေးကလဲ အန်တီ့ကို သိပ်ဂရုစိုက်တာပဲ ၊ အများဆုံးက မိန်းမတွေကပဲ ယောက်ျားတွေကို ဂရုစိုက်ပေးကြတာလေ ၊ အန်တီတို့ကျတော့ ဦးလေးကလဲ ဂရုစိုက်ပေးတယ် "

ဒေါ်အေးမြ ပုံစံက ရှက်ခြင်းနှင့် ကြည်နူးခြင်း ရောစပ်သွားဟန် ။ တိုးဖွဖွလည်း ရယ်နေသေးသည် ။ ဦးထွန်းညွှန့်၏ လက်မောင်းကိုလည်း လက်နှင့် တဖျတ်ဖျတ်ရိုက်နေသေး၏ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now