မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (59)

4.4K 458 65
                                    


ပခုံးကျော်ရုံရှည်နေသည့် ဆံပင်များကို အကုန်စုစည်းထားပြီး ချည်သားဝမ်းဆက်သာ ဝတ်ဆင်ထားသော်လည်း အေးဖြူဖြူက ကျော့ရှင်းစွာလှ၏ ။ အလုပ်လုပ်လျှင်လည်း ခပ်သွက်သွက် ၊ စကားပြောလျှင်လည်း ချက်ချက်ချာချာ ။ ယခုလည်း မျက်နှာပေါ် ချွေးများစို့အောင် အလုပ်လုပ်နေသည်မှာ တက်တက်ကြွကြွ ။ သည်ကလေးလေးက သိပ်မကြာမီ တက္ကသိုလ်ကျောင်းသူကြီး ဖြစ်တော့မည် ။

အေးဖြူဖြူ၏မျက်လုံးများက အေးအေးညွှန့်ဆီသို့ ။

မေမေ သူ့ကို စိုက်ပြီးကြည့်နေတာက နည်းနည်းကြာနေပြီလေ ။ သူ့ကိုကြည့်နေတဲ့ မေမေ့ရဲ့ မျက်နှာလေးက ပြုံးလို့ ။

" မေမေ ဖြူ ဘာဖြစ်နေလို့လဲဟင် "

အေးအေးညွှန့် ခေါင်းကိုခါ၍

" မဖြစ်ပါဘူး ဖြူရဲ့ ၊ ကိုယ့်သမီးလေးကိုယ် ချစ်လို့ကြည့်တာ...မကြည့်ရဘူးလား "

" မဟုတ်ပါဘူး မေမေရဲ့ ၊ ကြည့်ပါ...ကြည့်ပါ "

အပြုံးမျက်နှာဖြင့် စကားဆိုသည့် ဖြူက ချစ်စရာ ။

" ဖြူက အိမ်ကို အခုပြန်လိုက်မှာလား "

" မလိုက်တော့ဘူးလေ မေမေ ၊ ဖြူ ဒီမှာ ဦးငယ်တို့ကို ကူလိုက်အုံးမယ်လေ ၊ ညနေကျရင်လဲ ဘုရားသွားမှာဆိုတော့ သွားလိုက်လာလိုက်နဲ့ အချိန်ကုန်သွားလိမ့်မယ် "

အေးအေးညွှန့် အေးဖြူဖြူ၏နဖူးစပ်ရှိ ချွေးစများကို လက်ဖြင့်ညင်သာစွာ သုတ်ပေးလိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည် ။ ထို့နောက် ကားနောက်ဖုံးထဲသို့ ကြာဆံကြော်ဘူးများထည့်နေသည့် ပီတာထွန်းညွှန့် အနားသို့ လျှောက်သွားလိုက်၏ ။

" တင်ဖို့ ကျန်အုံးမလား သားသား "

" နောက်တစ်ထုပ်တင်ပြီးရင် ပြီးပြီ မကြီး ၊ ရွှေရိုးနောင် အခု ယူလာလိမ့်မယ် "

" အင်း...အင်း... အဲဒါဆိုရင် မကြီးက ညနေမှပြန်လာလိုက်မယ်နော် ၊ သားသားတို့ ဘာလိုအုံးမလဲ "

" မလိုတော့ဘူး မကြီး ၊ ကြာဆံကြော်ဘူးတွေ အကုန်ထည့်ပြီးတာနဲ့ ကျွန်တော်တို့ ဝေလိုက်တော့မယ် "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now