မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (38)

3.6K 474 25
                                    


အရာရာသည် ပုံမှန်အတိုင်းလည်ပတ်ဆဲ ၊ လည်ပတ်မြဲ ။

ခြံဝတွင်စက်ဘီးရပ်လိုက်သည်နှင့် ရွှေရိုးနောင်ဆီသို့ ခပ်သွက်သွက်လှမ်းလာသည့် မြတ်ပိုးဝါ ။ မြတ်ပိုးဝါက ခြံတံခါးတစ်ဖက်ကိုဖွင့်ပေးလိုက်၏ ။

" အမယ်လေးလေး အခုမှပြန်လာတယ်နော် "

ပြောလိုက်သည့်အသံက ငြူငြူစူစူ ၊ မျက်နှာကလည်း ခပ်မဲ့မဲ့ ။ သို့ပေမဲ့ ပိုး၏မျက်လုံးများက ခပ်ပြုံးပြုံး ။

" အလုပ်လုပ်နေတာလေဟာ ၊ ကစားနေတာမှမဟုတ်တာ "

ပိုးက  ဘေးတွင်ကပ်ပါလာပြီးသူ့မျက်နှာကို မျက်လုံးများမှေးစင်း၍ ကြည့်နေပြန်သည် ။

" ဘာလဲဟ..."

ရွှေရိုးနောင်၏ပခုံးစွန်းအပေါ်သို့ ရောက်ရှိလာသည့် လက်သီးတစ်ချက် ။

" နင် အခုတလော စွာလာတယ်နော် ၊ ပြောစမ်း...ဘယ်လေတိုက်လို့ အချိုးပြောင်းတာလဲ "

ရွှေရိုးနောင်ကတော့ ခေါင်းကိုသာခါမိ၏ ။ ခြေမြန်လက်မြန်အကျင့်ကတော့ မည်သည့်အခါမှ မပြောင်းလဲသော မြတ်ပိုးဝါ၏မူပိုင်လက္ခဏာ ။

" ငါက ဘယ်မှာစွာလို့လဲဟာ ၊ ငါက အမြဲတမ်း အေးအေးချမ်းချမ်းနေတတ်တဲ့သူပါ... "

မြတ်ပိုးဝါ၏အကြည့်သည် ရွှေရိုးနောင်ကိုကျော်၍ စက်ဘီးခြင်းထဲရှိ မုန့်ထုပ်ဆီသို့ ။ မျက်ခုံးလေးကိုလည်း ပင့်လိုက်သေး၏ ။

" အများကြီးပဲ ၊ ဘာမုန့်တွေလဲ "

သိလျက်နှင့် တမင်သက်သက် မေးလိုက်ခြင်းသာ ။

" မြင့်မြင့်ခင်မုန့်တွေ... "

ရွှေရိုးနောင်က ဖြေသည်ကိုပင် မျက်နှာတလွှဲလွှဲဖြစ်နေပြီး  တစ်ခုခုကို ဖုံးကွယ်ထားချင်ပုံ ။

ရွှေရိုးနောင် မုန့်ထုပ်ကိုဆွဲပြီး အိမ်ပေါ်သို့တက်မည့်အချိန် ပြေးဆင်းလာသည့် ရွှေရိုးမောင်နှင့် မျက်နှာချင်းဆိုင်သွားဆုံသည် ။ ငယ်လေး၏ ပါးစပ်တွင်လည်း ဆီများဝေ့လျက် ။ ပိုး ဝယ်လာသည့် အစားအသောက်တစ်မျိုးမျိုးကို စားနေသည့်ပုံ ။ မျက်လုံးဝိုင်းဝိုင်းများက ရွှေရိုးနောင်၏လက်ထဲရှိ မုန့်ထုပ်ဆီသို့ ဒိုင်းခနဲ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now