မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (29)

4.7K 605 82
                                    

အကျင့်ရစပြုနေသည့်မျက်လုံးများသည် နံနက်ခြောက်နာရီထိုးခါနီးအချိန်တွင် အလိုလိုပွင့်လာသော်လည်း အိပ်ချင်မူးတူးဖြစ်နေခြင်းမျိုးတော့ရှိမနေပေ ။ အဝတ်အစားလဲရန် ဗီရိုဆီသို့လျှောက်မည့် ပီတာထွန်းညွှန့်၏ခြေလှမ်းများသည် ရပ်တန့်သွားသည် ။

ဒီနေ့ ရွှေရိုးနောင်ဆီကို မနက်အစောသွားစရာမှ မလိုတာ ။

ကြားနေကျအသံချိုချိုကို သတိရလာသလို ထိုအသံလေးကို ယခုပင်ကြားချင်လာပြန်သည် ။ ပြတင်းပေါက်တံခါးကိုဖွင့်လိုက်သည့်အခါ အခန်းထဲဝင်ရောက်လာပါသော  နံနက်ခင်းနေရောင်ခြည်များ ။ ပဲပြုတ်ရောင်းသည့်အမျိုးသမီးဆီမှ အောင်အောင်မြင်မြင်ထွက်ပေါ်လာသော " ပဲပြုတ် "ဆိုပြီးအော်လိုက်သံကျယ်ကျယ် ။ ယခုချိန်ဆိုလျှင် ရွှေရိုးနောင်တစ်ယောက် အလုပ်များနေပေလိမ့်မည် ။ မနေ့ကတော့ ပင်ပန်းသည့်အလုပ်များမလုပ်နှင့်ဟု သူ မှာခဲ့သေးသည် ။ ငြိမ်ငြိမ်မနေတတ်သူဆိုတော့
သည်အတိုင်းထိုင်နေမည်တော့ မဟုတ်ပေ ။

သတိရလိုက်တာ ။ မလိမ်မညာတမ်းပြောရမယ်ဆိုရင် ဒီရက်ပိုင်းလေးအတွင်းမှာပဲ သူ ရွှေရိုးနောင်ကို ပိုပြီးသဘောကျလာမိတယ် ။

မတွေ့ရမည့်အတူတူ အသံလေးကြားရလျှင်လည်း မဆိုးလှပေ ။ မွေ့ရာပေါ်ရှိဖုန်းကို ပြေးယူလိုက်ပြီး
ရွှေရိုးနောင်ဟုရိုးရှင်းစွာမှတ်ထားသည့် နံပါတ်ကိုနှိပ်လိုက်မိတော့ "  တာ "ဆိုသည့်ထူးသံမှာ ဖုန်းတစ်ဖက်မှ ချိုသာနူးညံ့စွာထွက်ပေါ်လာသည် ။ ပီတာထွန်းညွှန့် နှုတ်ခမ်းလေးကိုဖိကိုက်မိ၏ ။

" ဘယ်လိုဖြစ်တာလဲ ၊ ဒီနေ့ကျတော့ဖုန်းကို ချက်ချင်းကိုင်ပါလား "

ထွက်ပေါ်လာသည့် ရယ်သံလွင်လွင် ။ ရွှေရိုးနောင်သည် သူ့မူပိုင်ပုံစံအတိုင်း နှုတ်ခမ်းနှင့်မျက်လုံးတစ်ပြိုင်တည်းပြုံးနေပေလိမ့်မည် ။ ထိုပုံစံလေးကိုမြင်ယောင်လိုက်သည်နှင့် ကိုယ်စိတ်နှစ်ပါးလုံးသည် ရွှေရိုးနောင်ကို သတိရသွားမိသည် ။ ပီတာထွန်းညွှန့် လက်ထဲရှိဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ရွှေရိုးနောင်ဆီမှ အဖြေစကားကို
ရင်ခုန်စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိတော့၏ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now