မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (58)

4.6K 474 81
                                    


မကြီးက ခြံနေရာရှိသမျှကို ဆိုင်ခန်းအပြည့်ဆောက်လိုက်သည်မဟုတ်ဘဲ ရှေ့ဘက်တွင် ဆိုင်ခန်းဆောက်၍ နောက်ဘက်တွင် လူနှစ်ယောက် နေ၍ရရုံ အခန်းလေးထည့်ထားပေးသည် ။ သိပ်ကျယ်သည်မဟုတ်သော်လည်း စနစ်တကျပြုလုပ်ထားသဖြင့် အဆင်ပြေ၏ ။ အိမ်သာနှင့်ရေချိုးခန်းလည်း ပါရှိသည် ။ လောလောဆယ်တော့ ထိုအခန်းထဲ၌ လျှပ်စစ်ပစ္စည်းများကို သိုလှောင်သိမ်းဆည်းထား၏ ။

ယခုနောက်ပိုင်း သူတို့ဆိုင်လေးက ရောင်းအားတက်လာသည် ။ အဓိက အန်တီကြည်ပြာခင်ကြောင့်ဟု ပြောရမည် ။  ရွှေရိုးနောင်တို့ဆိုင်က ပစ္စည်းမှန် ၊ ဈေးနှုန်းမှန်ကြောင်း ၊ ဆိုင်ရှင်များက သဘောအင်မတန်ကောင်းကြောင်းကို သူနှင့်ခင်မင်သူတိုင်းကို လမ်းညွှန်ပေးသည် ။ အန်တီကြည်ပြာခင်၏အကောင့်တွင် သူတို့ဆိုင်၏ပုံကိုတင်၍လည်း အားကြိုးမာန်တက်ကြော်ငြာပေး၏ ။

အန်တီကြည်ပြာခင်မှတစ်ဆင့် ဖူဖူအချို့လည်း သူတို့ဆိုင်ကို ရောက်ရှိလာကြသည် ။ အချို့ကတော့ သူတို့နှစ်ယောက်ကို မသိမသာလာကြည့်ပြီး ပြုံးပြရုံပေ ။ အချို့ကတော့ ဇွဲကြီးသည်မှာ လက်ဖျားခါချင်စရာပါ ။ ညနေခင်းအချိန်ဆိုလျှင် အုပ်စုဖွဲ့ရောက်လာကြပြီး  သူတို့နှစ်ယောက်ကို မျက်ခြည်မပြတ် လိုက်ကြည့်တော့သည် ။ သူနှင့်တာ စကားပြောသည်နှင့် အသံမတိုးမကျယ်ထွက်လာကြပြီး မျက်နှာများတွင်လည်း အပျော်များက မဖုံးနိုင် ၊ မဖိနိုင်ကြချေ ။

ပုံစံချင်းမတူကြသည့် ထိုမိန်းကလေးသုံးယောက်၏ အမည်များကို " ဂျီ ၊ မိုး ၊ ခင် "ဆိုပြီး အတိုကောက်မှတ်ထားလိုက်သည် ။

သူနှင့်တာက အခြားအတွဲများကဲ့သို့ သိပ်ပြီး ပွတ်သီးပွတ်သပ်လုပ်ကြသည် မဟုတ်သော်လည်း ထိုကလေးမများ၏ မျက်လုံးထဲတွင်တော့ သိပ်ပြီးကြည့်ကောင်းနေသည့်ပုံ ။ ထိုအုပ်စုရှိနေလျှင် သူ့မှာ တာ့အနားသို့ မကပ်ရဲချေ ။

တာက ထိုကလေးမများလာလျှင် နားငြီးသည်ဟုပြောတတ်သော်လည်း လာချိန်နည်းနည်းကျော်သွားလျှင် ဆိုင်ပေါက်ဝကို တကြည့်ကြည့် ။ တာ့ ပါးစပ်မှထုတ်မပြောသော်လည်း သူ ရိပ်မိပါသည် ။ တာက ထိုကလေးမများကို ခင်တွယ်၏ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now