Near the love 1

2.4K 102 2
                                    

Uni

'ထားခဲ့တဲ့သူထက် ကျန်ခဲ့တဲ့ သူက ပိုလွမ်းရတယ်' တဲ့ ဒီစကားကို အရင်က အမှုမဲ့ အမှတ်မဲ့ တွေးခဲ့ပင်မဲ့ ခုတော့တကယ်ကို လေးလေးနက်နက် တွေးကြည့်ရင် မှန်တယ်ပဲဆိုရမလား...........

နေ့စဥ်ရက်စက် Email... message.... Chatbox ကိုအပြေးလွှားဖွင့်ကြည့်မိနေတာက အလုပ်တစ်ခုလိုပဲ......

ခုလဲ Line ဖွင့်ထားပင်မဲ့ ဘာမှတတ်မလာသေးပြန်ဘူး....

"ရဲမှူး!!"
"အမေ့!!"

"ခေါ်လိုက်ရတာဗျာ....ဘာတွေငိုင်နေသေးတာလဲ...သွားတဲ့သူကသွားပြီလေ....သေသောသူကြာရင်မေ့တောင်ရှိသေး အ့.."

"မင်းကြီးတော်ကြီး...နမိတ်မရှိတာတွေ မပြောနဲ့..နောက်တစ်ခါထက်ပြောရင်မင်းအသေပဲ"
ထူးစစ်သော် ၏ ခြေသံပြောင်ချက်က တတ်နင်းခံရသော ထက်ပိုင်မှာ အသံတောင်ထက်မထွက်တော့ဘူး...

ရှူးရှူးရှဲရှဲနဲ့ ထွက်သွားသော ထူးစစ်သော် ကိုကြည့်ရင်း ထက်ပိုင်သက်ပြင်းချမိပြန်ရော....
မိမိဆရာအကြောင်း မိမိအသိဆုံးပင် ထွက်သွားသူကလဲ ၂နှစ်တောင်ရှိနေပြီ။

ရန်ဖန်ရန်ခါသာဆက်သွယ်တတ်တာလဲ မိမိအသိပင်။ ဒါဆို ဆရာဖြစ်သူက အမြဲတမ်း မျှော်နေတတ်သည်။

သြော်....အချစ်အချစ်....
.
.
.
စိတ်ရှုတ်လာတိုင်း ဆေးလိပ်သောက်တတ်သော မိမိအကျင့်တစ်ခုကပိုလာပြန်သည်။
မဆက်သွယ်တာလဲ တစ်လနီးပါးရှိနေပြီ အလုပ်တွေများရှုပ်နေတာများလား....

စခန်းတွင်းရှိ အပင်အိုကြီးကိုမှီကာ ဆေးလိပ်ကိုတစ်ရှိုက်ဖွာလိုက်မိသည်။

မေ့ဖို့လား ကြိုးစားကြည့်ဖူးပါတယ်....ကျွန်တော့်အတွက်တော့ မလွယ်ဘူးဗျ....
__________________

"ကလေး....ကျစ်....ကိုယ်ပူနေပြန်ပြီ" ကိုယ်ငွေ့ကနွေးနွေးလေးပင်မဲ့ ဇေရဲမာန် စိတ်ပူမိသည်။
အခုတလော မိမိကလေးက ​ခြူခြာလာသလိုပဲ...ဂရုစိုက်နေတဲ့ကြားထဲက ခုဖျားပြန်ပြီ....

ဘေးနားကဖုန်းကိုအမြန်ကောက်ကိုင်ကာ ဥက္ကာကိုဖုန်းဆက်ပြီး ဆရာဝန်ကိုပါခေါ်ဖို့ပြောလိုက်တယ်။ အိမ်အကူကောင်မလေး​တွေကိုလဲ ကြက်သားစွပ်ပြုတ်လေးပြင်ဆင်ထားခိုင်းလိုက်သည်။

Near the love (Complete)Where stories live. Discover now